နိုင်ငံကူးလတ်မှတ်ကို ကြားခံပွဲစားလုပ်ပေးနေသူများ အရေးယူမည်

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနဲ့ပတ်သက်ပြီး ကောလာဟလသတင်းတွေ ထုတ်ပြန်ကာ ငွေကြေး အဆမတန် တောင်းခံသူတွေ၊ ကြားခံပွဲစားတွေကို ဖော်ထုတ် အရေးယူသွားမယ်လို့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးကနေ ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးနဲ့ပတ်သက်ပြီး ကောလာဟလသတင်းတွေ ထွက်ပေါ် နေတဲ့အတွက် နိုင်ငံကူးလက်မှတ်ရရှိရေး စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေတာကြောင့် အမှန်တကယ်သွားရောက်လိုသူတွေကို ယခင်သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်၊ ခွင့်ပြုအရေအတွက်တွေအတိုင်း ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေနဲ့ နိုင်ငံကူးလက်မှတ်တွေကို ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး(ရန်ကုန်)မှာ Online Booking တင်ပြီး QR စနစ်နဲ့ တစ်ရက်ကို အယောက် ၂,၇၀၀ နှုန်း လက်ခံဆောင်ရွက်ပေးနေပြီး နေပြည်တော်အပါအဝင် တခြားမြို့တွေက နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးခွဲတွေမှာ သတ်မှတ်လူဦးရေအတိုင်း ရုံးဖွင့်ရက်တွေမှာ နေ့စဉ်လက်ခံဆောင်ရွက် ပေးနေတယ်လို သိရပါတယ်။

#PAN