ဗီဇာရက်ချိန်းကို အွန်လိုင်းကနေလဲရယူနိုင်

ဖေဖော်ဝါရီလ ၂၂ ရက်ကနေစတင်ပြီး ဗီဇာရက်ချိန်းကို အွန်လိုင်းကနေ ရယူနိုင်တယ်လို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ထိုင်းသံရုံးမှာ ဗီဇာလျှောက်ထားသူ အရေအတွက် များပြားနေတာ ကြောင့် ဗီဇာလျှောက်ထားရာမှာ နည်းလမ်း ၂ မျိုးနဲ့ ဆောင်ရွက်မယ်လို ထုတ်ပြန်ကြေညာထားပါတယ်။

အဆိုပါ နည်းလမ်း ၂ မျိုးကတော့ အွန်လိုင်းကတစ်ဆင့် ဗီဇာရက်ချိန်းရယူခြင်းနဲ့ သံရုံးရှေ့မှာ လူကိုယ်တိုင် ဗီဇာရက်ချိန်းယူခြင်းတိုဖြစ်ပါတယ်။ အွန်လိုင်းကတစ်ဆင့် ဗီဇာလျှောက်ထားရာမှာ ဖော်ပြထားသော ဝက်ဆိုဒ် (သိုမဟုတ်) QR ကုဒ်သို ဝင်ရောက်ပြီး ဗီဇာရက်ချိန်းကို ရယူနိုင်တယ်လို ဖော်ပြထားပါတယ်။

ဒါ့အပြင် အွန်လိုင်းကနေ တစ်ဆင့် ဗီဇာရက်ချိန်းကို တစ်ရက်လျှင် တိုကင်နံပါတ် ၂၀၀ နှုန်းနဲ့ ရက် ၃၀ ကြိုတင်ပြီး ရက်ချိန်းရယူနိုင်မယ်လို သိရပါတယ်။ အလားတူ သံရုံးရှေ့မှာ လူကိုယ်တိုင်ဗီဇာလျှောက်ထားရာမှာ တစ်ရက်လျှင် တိုကင်နံပါတ် ၂၀၀ နှုန်းနဲ့ ပေးဝေမယ်လို ထုတ်ပြန်ထားပါတယ်။

PAN