CRPH၊ NUG နှင့် လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများကို လုပ်ဆောင်သူများအား ဖော်ထုတ်အရေးယူ

CRPH၊ NUG နှင့် လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများကို လုပ်ဆောင်သူများအား ဖော်ထုတ်အရေးယူလျက်ရှိရာ-

(၁) ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ မင်းလှရပ်ကွက်နေ ရဲနိုင်သည် ၎င်းအသုံးပြုသည့် “Ye Naing” Facebook အကောင့်၊

(၂) စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့နယ်နေ ဇော်မျိုး(ခ)ချိုကြီးသည် ၎င်းအသုံးပြုသည့် “Zaw Myo ZM” Facebook အကောင့်နှင့်

(၃) မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ အောင်ရတနာရပ်ကွက်နေ ရဲဇော်ထွေး(ခ) ဇော်ဇော်(ခ)ကိုတိုးသည် ၎င်းအသုံးပြုသည့် “Ye Zaw Mgy” Faebook အကောင့်တို့သည် အသိပေး သတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူ လုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။