ကချင်ပြည်သူတွေရဲ့ ဒုက္ခလေလား (သို့မဟုတ်) KIA နဲ့ မြေရှားတူးဖော်မှု

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဖရဲကျေးရွာအနီး KIA နှင့် တရုတ်ပူးပေါင်းလုပ်ဆောင်နေသည့် မြေရှားသတ္တူတူးဖော်ခြင်းကိုကန့်ကွတ်သည့်ပြည်သူများအား KIA မှ ဖမ်းဆီးနှိပ်စက်မှုများ ဆောင်ရွက်နေကြောင်း သိရှိရပါတယ်။ တူးဖော်မှုလုပ်နေတဲ့ တရုတ်တွေကို အဲမှာမလုပ်ဖို့ သွားတောင်းဆိုချိန် (KIA) စစ်သားတွေက အနောက်ကနေ မိုင်း (ဗုံး) နဲ့ ပစ်တယ်။ နှစ်ယောက် ဒဏ်ရာရတယ်။ ဖမ်းဆီးခံရတာက ၆ ရက်နေ့က စဖမ်းတာ မနေ့က စာရင်းလုပ်ကြည့်တော့ ၄၄ ယောက်ရှိကြောင်း သိရှိရပါတယ်။

မြေရှာသတ္တူတူးဖော်မှုများကြောင့် ဒေသခံပြည်သူများအနေဖြင့် တူးဖော်မှု၏နောက်ဆက်တွဲဆိုးကျိုးများကို ခံစားနေရသော်လည်း KIA အနေဖြင့် ၎င်းတူးဖော်မှုမှ အမြတ်အစွန်းအများအပြားရရှိနေခြင်းကြောင့် အကြောက်တရားဖြင့် ပြည်သူများကို ခြိမ်းခြောက်ဆောင်ရွက်နေကြခြင်း ဖြစ်ပါသည်။ လူဦးရေ တစ်ထောင်ကျော် နေထိုင်တဲ့ ဖရဲရွာမှာ ၂၀၂၃ ခုနှစ်၊ စင်တင်ဘာလကစပြီး မြေရှားသတ္တုတူးဖော်မှုတွေ စတင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ သတ္တုဆိုက်ငါးခုရှိနေပြီဖြစ်ကြောင်းလည်း သိရှိရပါတယ်။

မြေရှားတူးဖော်မှုကို KIA ခွင့်ပြုချက်ဖြင့် တရုတ်သူဌေးများက တူးဖော်နေကြခြင်းဖြစ်ရာ ဒေသခံပြည်သူများ၏ ပြင်းပြင်းထန်ထန် ကန့်ကွတ်ဆန္ဒပြမှုများရှိကြောင်းလည်း သိရှိရပါတယ်။