MNL ပွဲစဉ်တွင် မြဝတီအသင်းအနိုင်ရရှိပြီး အဆင့် ၃ နေရာတွင် ဆက်လက်ရပ်တည်

Myanmar National League 2022 တွင် ဘောလုံးအသင်းပေါင်း ၁၀ သင်း ပါဝင်ယှဉ်ပြိုင် ကစားလျှက်ရှိပါတယ်။ ယနေ့ ညနေပိုင်းတွင် တပ်မတော်ဘောလုံးအသင်းဖြစ်သည့် မြဝတီကလပ် နှင့် မဟာယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ၁ ဂိုး စီသရေကျ နေရာမှ ပွဲပြီးချိန် မိနစ် ၉၀ တွင် အထောင်တိုက်စစ်မှုကစားသမား နိုင်ဇင်ထက်၏ သွင်းဂိုးကြောင့် ၂ ဂိုး ၁ဂိုး ဖြင့်အနိုင် ရရှိခဲ့ပြီး အဆင့် ၃ နေရာတွင် ဆက်လက်ရပ်တည်နေပါတယ်–
အနိုင်ဂိုး သွင်းယူသွားတဲ့ MWD အသင်းမှ နိုင်ဇင်ထက် ဟာ မြန်နှုန်းမြင့်အားကစားသမား တစ်ဉီ့းဖြစ်ကာ အရပ်အမောင်း ကောင်းမွန်သူ တစ်ဉီးလည်းဖြစ်တဲ့အပြင့် မြန်မာဂုဏ်ဆောင် နိုင်ငံလက်ရွေးစင် တစ်ဉီးလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံနှင့်၊ တပ်မတော်ဘောလုံးအသင်းအတွက်ပါ အောင်ပွဲတွေ ဆွတ်ခူး နိူင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်—–