ယင်းမာပင်မြို့နယ်၊ ဘန်ဘွေးရွာအနီး တိုက်ပွဲဖြစ်ပွား

စက်တင်ဘာ ၁၄ ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန်ဘွေးရွာအနီး တပ်မတော်စစ်ကြောင်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် အကြမ်းဖက်သမားများ၏ ဒရုန်း ၁ စီးသည် အမြင့်မီတာ ၃၀၀ ခန့်အကွာပျံသန်းရောက်ရှိလာသဖြင့်
Anti-Drone Gun လက်နက်များဖြင့် ပစ်ချသိမ်းဆည်းရရှိခဲ့ပြီး ဆက်လက်ချီတက်ခဲ့ရာ
အကြမ်းဖက်သမားအင်အား ၁၅ ဦးခန့်က စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး
-အကြမ်းဖက်သမား ၁ လောင်း
-အမ်(၄) ၁ လက်
-လက်လုပ်သေနတ် ၁ လက်
-ကျည်အိမ် ၃ ခု
-ကျည် ၇၀ တောင့်
-စကားပြောစက် ၁ လုံး သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်က ထိခိုက်မှုမရှိခဲ့ဟု သိရပါတယ်…