အကြမ်းဖက်အုပ်စု CRPH၊ NUG နှင့် ၎င်းတို့၏ လက်စေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများကို လိုက်ပါလုပ်ဆောင်သူများအား အရေးယူ

ဖေဖော်ဝါရီ ၆ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်နေ သီသီနိုင်သည် ၎င်းအသုံးပြုသည့် “Phoo Ngone(Daw Thi Thi Naing)” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော် ရပ်ကွက်နေ ကြည်ဖြူစိမ့်(ခ)စိမ့်စိမ့်နှင့် စံပယ်အိမ်ရာနေ ရွှေလီ(ခ)လီလီတို့သည် ၎င်းတို့အသုံးပြု သည့် “Kyi Phyu Seint” Facebook အကောင့်နှင့် “May Ya Mone” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေ နှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။

            ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်းပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွား မည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေးအသိပေးသတင်းထုတ်ပြန်အပ်ပါသည်။