နမ့်စန်မှာ တရားမဝင် တရုတ်နိုင်ငံသားများဖမ်းဆီးရမိ

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် နမ့်စန်မြို့နယ်ရှိ ကျေးရွာများ အနီးဝန်းကျင်တွင် တရုတ်နိုင်ငံသားများရောက်ရှိနေကြောင်း သတင်းအရ တပ်မတော်နှင့် ပြည်သူ့စစ်အဖွဲ့များ ပူးပေါင်း၍ သွားရောက်ရှင်းလင်းရာ တရားမဝင် ရောက်ရှိနေသည့် တရုတ်နိုင်ငံသား ကျား ၁၀၀၂ ဦး၊ မ ၃၆ စုစုပေါင်း ၁၀၃၈ ဦးနဲ့ အတူ အွန်လိုင်းကျားဖြန့်ငွေလိမ်လုပ်ငန်းတွင် အသုံးပြုရန် Desktop ၄၅ လုံး၊ Laptop ၇ လုံး၊ ဖုန်းမျိုးစုံ ၂၃၇၃ လုံးနှင့် WiFi စက် ၁၂ လုံး တို့ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။