အမြန်လမ်းပေါ်မှာ ယာဥ်ငယ်တစ်စီး တိမ်းမှောက်

ဇူလိုင်လ ၁၅ ရက် ညနေ ၄ နာရီခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၁၈ နားမှာ AD Van အမျိုးအစား ယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းက ထန်းပင်ကို ဝင်ရောက်တိုက်မိရာမှ မတော်တဆ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကာ ယာဥ်ပေါ် ပါသူ အမျိုးသားတစ်ဦးက မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးကတော့ ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း သိရပါတယ်။

crd