Pita ဝန်ကြီးချုပ်မဖြစ်ရသည့် အကြောင်းအရင်း

ဇူလိုင် ၁၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် ရွေးချယ်တင်မြှောက်ပွဲမှာ အနောက်ယိမ်း Move Forward Party ခေါင်းဆောင် Pita Limjaroenrat တစ်ယောက် လွှတ်တော်နှစ်ရပ်မှာ ထောက်ခံမဲ ထက်ဝက်ကျော်မရလို့ ရှုံးနိမ့်သွားခဲ့ပါတယ်။

ထိုင်းလွှတ်တော်ဖွဲ့စည်းပုံမှာ အောက်လွှတ်တော် (Parliament) နေရာ ၅၀၀ နဲ့ အထက်လွှတ်တော် (Senate) နေရာ ၂၅၀၊ စုစုပေါင်း ၇၅၀ နေရာရှိလို့ အနည်းဆုံး ၅၀ ရာခိုင်နှုန်းကျော် ၃၇၆ ဦး ထောက်ခံမဲရရှိမှ ဝန်ကြီးချုပ်ဖြစ်မည် ဖြစ်ပါတယ်။

Pita အနေနဲ့ သူ့ပါတီမှာ ၁၅၁ နေရာ အနိုင်ရရှိခဲ့ပြီး မိတ်ဖက်ပါတီ ၇ ပါတီနဲ့ ပေါင်းရင် ၃၁၂ နေရာရရှိထားပါတယ်။ ဒါကြောင့် အထက်လွှတ်တော်မှာရှိတဲ့ ထိုင်းစစ်တပ်နဲ့ ဘုရင့် အသိုင်းအဝိုင်းက တိုက်ရိုက်ခန့်ထားတဲ့ ၂၅၀ ထဲက ထောက်ခံမဲရရှိမှသာ ဝန်ကြီးချုပ်ဖြစ်နိုင်မှာ ဖြစ်ပါတယ်။

ဇူလိုင် ၁၃ရက်နေ့ မဲခွဲပွဲမှာ Pita အနေနဲ့ သူ့ဘက်တော်သား ၃၁၂ မဲနဲ့ အတိုက်အခံ သို့မဟုတ် ကြားနေဘက်က သူ့ကိုထောက်ခံသူ ၁၂ မဲသာ ရရှိခဲ့လို့ စုစုစုပေါင်း ၃၂၄ မဲပဲ ရရှိပြီး ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

Pita ကို ကန့်ကွက်သူ ၁၈၂ ဦးနဲ့ ထိုင်းစစ်တပ်ကို ထောက်ခံသူ ၁၉၉ ဦးတို့က ကြားနေမဲ ပေးခဲ့ကြပါတယ်။

ထူးခြားချက်ကတော့ Pita ကို မထောက်ခံတဲ့ ထိုင်းစစ်တပ်နဲ့ အခြားသောနိုင်ငံရေး အင်အားစုများရဲ့ နိုင်ငံရေးလိမ္မာပါးနပ်မှုကို တွေ့ခဲ့ရပါတယ်။ ယခုလက်ရှိအစိုးရကို ဦးဆောင်နေသော ထိုင်းဝန်ကြီးချုပ်၊ ထိုင်းတပ်မတော်မှ ထိပ်ပိုင်းအရာရှိကြီး ၄ ဦးတို့ဟာ အခြားတာဝန်များကြောင့် ဝန်ကြီးချုပ်ရွေးချယ်ပွဲကို မတက်ရောက်ခဲ့သလို အထက်လွှတ်တော်မှ ကိုယ်စားလှယ် ၁၉၉ ဦး တို့ဟာလည်း မဲမပေးဘဲ လိမ္မာပါးနပ်စွာ ရှောင်ထွက်ခဲ့တာကို တွေ့ရှိရပါတယ်။

လက်ရှိအစိုးရနှင့် ထိုင်းတပ်မတော်အနေနဲ့ Pita ဝန်ကြီးချုပ် ရွေးချယ်ခြင်းနှင့် ပတ်သက်ပြီး ပါဝင်ပတ်သက်မှုမရှိကြောင်း နိုင်ငံတကာကို သတင်းစကား ပါးခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ယခုလာမဲ့ ၁၉ ရက်နေ့မှာ ထပ်မံကျင်းပမည့် ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာလည်း Pita ၏ မိတ်ဖက်နိုင်ငံရေးအဖွဲ့များက ၎င်းကိုပဲ ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံတင်သွင်း သွားနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ MFP ပါတီအနေနဲ့က သူတို့ကို ထောက်ခံသူများ မှတစ်ဆင့် နိုင်ငံရေးမတည်ငြိမ်မှုများ၊ ဆူပူအုံကြွမှုများ ဖန်တီးရန် ပြင်ဆင်နေကြပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် ရွေးကောက်ပွဲကော်မရှင်၏ တရားဥပဒေလမ်းကြောင်းများအရ အနိုင်/အရှုံး ရလဒ်များ အပြီးသတ်ထွက်ပေါ်လာချိန်မှာ နိုင်ငံရေးမတည်ငြိမ်မှုများ၊ စီးပွားရေးကျဆင်း မှုများ ထပ်မံပေါက်ပေါက်လာနိုင်ကြောင်း တွေ့ရှိနေရပါတယ်။ အမေရိကန်ရဲ့ Burma Act ကိုထောက်ခံပြီး မြန်မာပြည်ပြေးတွေကို အားပေးမဲ့ Pita ဝန်ကြီးချုပ် မဖြစ်လာခြင်းက နစကအစိုးရ အတွက်ကတော့ ကောင်းပါတယ်။ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ကတော့ Pita ဝန်ကြီးချုပ် မဖြစ်တာကို ဝမ်းသာကြောင်း ပြတ်ပြတ်သားသား ထုတ်ဖော်ပြောကြားထားပါတယ်။

CRD; Shin Thant Lynn