တပ်မတော်ရဲ့ ပဉ္စမအကြိမ်မြောက် အသည်းအစားထိုးကုသမှု

တပ်မတော်တွင် ပဉ္စမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှု (တတိယနေ့) ကို ယမန်နေ့က မင်္ဂလာဒုံမြိုနယ်ရှိ
အမှတ်(၁)တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)၊အထူးကုသမှုစင်တာ၌ ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ အစားထိုး ခွဲစိတ်ကုသခြင်း ဆောင်ရွက်ရာတွင် စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီခန့် ကြာမြင့်ခဲ့ပါသည်။

အသည်း အလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ခွဲစိတ်ကုသမှုကို တပ်မတော်မှ တာဝန်ရှိသူများက ကြည့်ရှု အားပေးခဲ့ကြကြောင်းလည်း သိရှိရပါတယ်။