ချုံချင့်နှင့် ရန်ကုန် တိုက်ရိုက်လေကြောင်းလိုင်းများ ပြေးဆွဲသွားနိုင်ရေး ဆောင်ရွက်

ချုံချင့်နှင့် ရန်ကုန် တိုက်ရိုက်လေကြောင်းလိုင်းများ ပြေးဆွဲသွားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဖလှယ်နိုင်ရေး ဆောင်ရွက်လိုကြောင်း တရုတ်နိုင်ငံ၊ ချုံချင့်မြို၊ ပိရှန်းဒေသ ပြည်သူ့အစိုးရအဖွဲမှ ဒုတိယဒေသမှူး Mr. Zhang Chuan က ပြောကြားသည်။

တရုတ်နိုင်ငံ၊ ချုံချင့်မြို၊ ပိရှန်းဒေသနှင့် မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆက်သွယ်ဆောင်ရွက်မှု တိုးမြင့်လာစေရေး၊ စီးပွားရေးအခွင့်အလမ်းများကို နှစ်နိုင်ငံ အပြန်အလှန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတိုနှင့်စပ်လျဉ်း၍ မတ်လ ၂၂ရက်နေ့က မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌအပါအဝင် တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုအပြင် Mr. Zhang Chuan က EV မော်တော်ယာဉ်၊ စက်မှုလယ်ယာပစ္စည်း၊ လျှပ်စစ်နှင့်စွမ်းအင်၊ ကျန်းမာရေးနှင့်ဆေးဝါး (အထူးသဖြင့် တရုတ်တိုင်းရင်းဆေးနှင့် ကင်ဆာဆေးဝါးများ)၊ မြိုပြစီမံကိန်း၊ ခရီးသွားလုပ်ငန်းကဏ္ဍ စသည့်တို၌ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်ဟု သိရသည်။