ဘာစီလိုနာပြောင်းမယ်လို့ ရေပန်းစားနေတဲ့ အာဆင်နယ်နည်းပြ

အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ မီခေးလ်အာတီတာက ဘာစီလိုနာအသင်းနည်းပြရာထူးအတွက် ရေပန်းစားနေသူများထဲတွင် ပါဝင်နေသည့်အပေါ် ၎င်း၏အမြင်ကို မေးမြန်းခဲ့ရာ သတင်းအတုများသာဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ပြောကြားခဲ့သည်။

အာတီတာက ”မဟုတ်ပါဘူး။ ဒါတွေက လုံးဝကို သတင်းအတုတွေသာ ဖြစ်ပါတယ်။ ဒီသတင်းတွေက ဘယ်ကဘယ်လို ထွက်ပေါ်လာသလဲ ဆိုတာလည်း ကျွန်တော် မသိပါဘူး။ ကျွန်တော် ပြောနိုင်တာကတော့ လုံးဝ လုံးဝကို အဖြစ်မှန်နဲ့ မနီးစပ်တဲ့ သတင်းဖြစ်တယ်ဆိုတာနဲ့ ကျွန်တော် ကိုယ်တိုင်လည်း အံ့သြမိတယ်ဆိုတာပါပဲ။

ကျွန်တော်က အခုအချိန်မှာ နေရာမှန်မှာ ရှိနေပြီး ကျွန်တော့်အတွက် ခံစားမှုကလည်း အရမ်းကောင်းနေပါတယ်။ ဒီအသင်းနဲ့အတူတူ ခရီးရှည်ကြီးကို လျှောက်လှမ်းသွားဖို့ စဉ်းစားထားပြီး အခုအထိလည်း ဒီခရီးလမ်းကို လျှောက်လှမ်းနေတုန်းပါပဲ။ အသင်းဘုတ်အဖွဲ့နဲ့ ကျွန်တော့်အကြားမှာလည်း အရမ်းခိုင်မာတဲ့ ဆက်ဆံရေးလမ်းကြောင်း ရှိနေပါတယ်”ဟု ပြောကြားခဲ့သည်။

CRD’ ELEVEN