ဦးကိုကိုကြီး၏ ပြည်သူ့ပါတီကို 𝙐𝙀𝘾 က မှတ်ပုံတင်ခွင့်ပြု

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များစွာထဲက တစ်ဦးအပါအဝင်ဖြစ်သည့် ဦးကိုကိုကြီး၏ ပြည်သူ့ပါတီ (PP) ကို ပါတီတည်ထောင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)မှ ကြေညာချက်အမှတ် (၅၄/၂၀၂၃)ဖြင့် ဒီဇင်ဘာ ၂၉ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲအစည်း ခေါင်းဆောင်လည်း ဖြစ်ခဲ့ဖူးသူ အဆိုပါ ဦးကိုကိုကြီး၏ ပြည်သူ့ပါတီ (People’s Party) ရုံးချုပ်ကို ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းမ၊ မဟာဗန္ဓုလအိမ်ရာ၊ အမှတ် (၆၂)၊ တိုက်(ဒီ)၊ (၉)လွှာ၊ အခန်း (၉၀၂)တွင် ဖွင့်လှစ်ထားရှိသည်။

၎င်းပြည်သူ့ပါတီ (People’s Party) ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက် (ယ‌နေ့)မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း 𝙐𝙀𝘾 က ကြေညာခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ပါတီ (People’s Party) ၏ မှတ်ပုံတင်အမှတ်မှာ (၄၇) ဖြစ်ကြောင်း သိရသည်။

Crd;𝙢𝙝𝙩𝙣𝙚𝙬𝙨