မင်္ဂလာရှိသောနံနက်ခင်းလေးပါ

🌷စိတ်ညစ်တာတွေပျောက်စေဖို့🌷

ဘ၀ဆိုတာ
လိုက်လျောညီထွေစွာနေတတ်ဖို့လိုပါတယ် ။

အဲ့ဒီလိုနေထိုင်တတ်ဖို့အတွက်
ဘာလိုအပ်သလဲဆိုရင်

မှန်ကန်တဲ့နှလုံးသွင်းမှုဖြစ်တဲ့
ယောနိသောမနသိကာရကိုလိုအပ်ပါတယ် ။

အဆင်ပြေရင် စိတ်ကတစ်မျိုး
မပြေရင် စိတ်ကတစ်မျိုးမဖြစ်အောင်
ကိုယ့်စိတ်ကို ထိန်းညှိပေးဖို့လည်းလိုတယ် ။

လာဘ်လာဘတွေ ရလာတဲ့အခါ
ရှိလာတော့လည်းလှူရတာပေါ့ဆိုတဲ့စိတ်မျိုး
ထားနိုင်ဖို့လိုအပ်သလို

လာဘ်မရတဲ့အခါမှာလည်း
မမြဲဘူးလေ ထိန်းသိမ်းရတာလည်း
သက်သာတာပေါ့ဆိုတဲ့စိတ်မျိုးကို
ထားတတ်ဖို့လိုပါတယ် ။

အခြံရံတွေ ရှိလာတဲ့အခါ
လုပ်ငန်းကိစ္စတွေ ကျယ်ပျံ့အောင်
ဆောင်ရွက်နိုင်တာပေါ့ဆိုတဲ့စိတ်မျိုး
ထားရှိဖို့လိုအပ်သလို

အခြံရံတွေမရှိတော့တဲ့အခါလည်း
သံယောဇဉ်အပူကင်းပြီး‌
ပြောရဆိုရဖို့ငြိမ်းသွားတာပေါ့ဆိုတဲ့စိတ်မျိုး
ထားတတ်ဖို့လိုပါတယ် ။

ရှိတော့မာန်တက် မရှိတော့စိတ်ပျက်တဲ့
အနေထားမျိုးမဖြစ်ရအောင်
ကိုယ့်စိတ်ကို အသိတရားနဲ့ ထိန်းပေးပါ ။

အစိုးမရတဲ့လောကကြီးမှာ
ဘယ်အရာကမှာ ကိုယ့်အလိုကျဖြစ်မှာလဲ
ဒါကို နားလည်လက်ခံနိုင်ဖို့လိုပါတယ် ။

ဖြစ်လာသမျှတွေမှာ စိတ်ပျက်တာတွေ
ယဇ်မူးတာတွေ မဖြစ်အောင်
ကိုယ့်စိတ်ကို နှလုံးသွင်း မှန်စွာနေထိုင်ပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏