အကြောက်တရားနဲ့ လူသစ်စုနေတဲ့ AA အကြမ်းဖက်အဖွဲ့

AA အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်နှင့်နယ်စပ်ဒေသ၊ ပြည်ပနိုင်ငံတွေမှာရောက်နေတဲ့ ရခိုင်လူမျိုးတွေကို အဓိကထားပြီး ရခိုင်ပြည်ဟာ လွတ်လပ်တဲ့အာရက္ခနိုင်ငံထူထောင်မယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျေးရွာတစ်ရွာကို လူသစ် ၁၀ ဦးနှုန်း AA အဖွဲ့ထဲဝင်ဖို့နဲ့ မဝင်ရင်ရခိုင်ပြည်နယ်ထဲနေလို့မရအောင် နည်းမျိုးစုံ အကြောက်တရားနဲ့ ခြိမ်းခြောက်ပြီး စုဆောင်းနေတာကိုသိရှိရပါတယ်။

AA မွှေးခဲ့တဲ့ရခိုင်ပြည်စစ်မီးကြောင့် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့အပါအဝင် မြို့ကြီးများသို့ သွားရောက် တိမ်းရှောင်နေတဲ့ ရခိုင်လူမျိုးတွေကို တပ်မတော်နဲ့အမုန်းပွားအောင် နည်းမျိုးစုံကောလာဟလတွေနဲ့ လှုံ့ဆော်စည်းရုံးပြီး ရခိုင်ပြည်နယ်ထဲပြန်ဝင်လာအောင် ဆောင်ရွက်နေသည်ကို တွေ့ရှိရပါတယ်။

ပြန်လည်ဝင်ရောက်လာတဲ့ ရခိုင် ကျား/မ မရွေးကို AA အကြမ်းဖက်အဖွဲ့ကတော့ ရသလောက်လူသစ်စုမှာပဲ။