အကျိုးပြုအဏုဇီဝပိုးမွှား နှင့် ငါးမွေးမြူရေး

ငါးမွေးတဲ့အခါ ကန်ရေရဲ့ ဇီဝဂုဏ်သတ္တိဟာ ကောင်းမွန်နေမှ ငါးတွေကျန်းမာရေးကောင်းပြီး အထွက်နှုန်းကောင်းမှာပါ။
ကန်ထဲမှာ အဖျက်ပိုး၊ မကောင်းတဲ့ အမိုးနီးယားငွေ့၊ မှိုတွေရှိနေရင် ငါးမှာ ဘက်တီရီးယားရောဂါနဲ့ မှိုရောဂါစွဲတာတွေဖြစ်နိုင်ပါတယ်။
ဒါတွေကို တားဆီးကာကွယ်ဖို့က ကန်ရေထဲမှာ အကျိုးပြုအဏုဇီဝပိုးလေးတွေကို ထည့်ပေးထားဖို့ပါပဲ။
အကျိုးပြုအဏုဇီဝပိုးပါတဲ့ EM (Effective Microorganisms)ကို ထည့်ပေးထားခြင်းဖြင့်-
(၁) အဖျက်ပိုးများကို တိုက်ထုတ်ပေးခြင်း၊
(၂) အဖျက်မှိုများကို တိုက်ထုတ်ပေးခြင်း၊
(၃) ကန်ရေအမြှုပ်ထပြီး ညစ်ညမ်းတာကို သက်သာစေခြင်း၊
(၄) ကန်ရေထဲတွင် ရှိသင့်သော အပင်မျောလေးနှင့် သတ္တဝါမျောလေးများ ကောင်းစွာပေါက်ဖွားလာပြီး
ရေဩဇာတက်လာခြင်း၊
(၅) ရေမသန့်လို့ ကန်အနံ့နံတာကို သက်သာစေခြင်း၊
(၆) ငါးများသည် ကန်ရေ၏ ကောင်းမွန်မှုကြောင့် ရောဂါအလွယ် မဝင်ရောက်တော့ပဲ
ကျန်းမာလန်းဆန်းပြီး ကြီးထွားနှုန်းကောင်းမွန်စေခြင်းစတဲ့ အကျိုးကျေးဇူးများကို ရရှိစေပါတယ်။
ကန်ရေ တစ်ဧက၊ ရေအနက် ၆ပေ ရှိပါက EMကို ၁၀လီတာမှ ၂၀လီတာအထိ ထည့်သွင်းနိုင်ပါတယ်။
၃လ ဆက်တိုက် ၁၀လီတာနှုန်း ထည့်ပြီးပါက နောက်ပိုင်းတွင် ဆေးကို ၅လီတာနှုန်းသာ ထည့်သွင်းပေးရင် လုံလောက်ပါသည်။
ငါးရဲ့ အစာထဲမှာ EMကို ထည့်ကျွေးလို့လဲ ရပါတယ်။ ငါးအစာထဲ ထည့်ကျွေးခြင်းဖြင့်-
(၁) အစာစားနှုန်းတိုးလာခြင်း၊
(၂) အစာခြေဖျက်နှုန်းကောင်းမွန်ခြင်း၊
(၃) ရာသီဥတု အပူအအေးဒဏ် ခံနိုင်ရည်ရှိခြင်း၊
(၄) ရောဂါဒဏ်ကို ခံနိုင်ရည်ရှိခြင်း၊
(၅) ဆီးဝမ်းမှန်ပြီး ရောဂါကင်းလာခြင်း၊
(၆) အသားတိုးနှုန်း၊ ဥ ဥနှုန်း၊ သားပေါက်နှုန်းတိုးလာခြင်းစတဲ့ အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်ပါတယ်။
အစာထဲကို EMအကျိုးပြုပိုးဖျော်ရည် ထည့်ကျွေးလိုပါက အစာတစ်ပိဿာ ဆေး၁၀စီစီ ထည့်သွင်းကျွေးမွေးနိုင်ပါတယ်။
ငါးမွေးမြူရေးလုပ်လိုသူတွေအနေနဲ့ အကျိုးအမြတ်ရရှိစေဖို့အတွက် ရည်ရွယ်ပြီး ကူးယူဖော်ပြလိုက်ရပါတယ်ရှင်…