ဧပြီလ ၁၄ ရက်နေ့တိုက်ပွဲသတင်းများ

ရှမ်းပြည်(တောင်ပိုင်း)

ဆီဆိုင်မြိုနယ်တစ်ဝိုက် နယ်မြေရှင်းလင်းစဉ် တခွန်းခေါ်ကျေးရွာအနီးသိုအရောက် နေရာ ၂ နေရာမှ KNDF နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၄၀ ဦးခန့်က ၁ ကြိမ်၊ ဆက်လက်ရှင်းလင်းစဉ် နေရာ ၂ နေရာမှ ရန်သူအင်အား ၄၀ ဦးခန့်က ၁ ကြိမ်၊ နေရာ ၄ နေရာမှ ရန်သူအင်အား ၈၀ ဦးခန့်က ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။

ကရင်ပြည်နယ်

ကြာအင်းဆိပ်ကြီးမြိုနယ်အတွင်းရှိ တောင်စွန်းစခန်းသို KNLA တပ်မဟာ ၆ ၊ ရင်း(၁၆) နှင့် PDF အင်အား(စိစစ်ဆဲ)အဖွဲက Drone ၁ စီး၊ Drop Bomb ၃ လုံးဖြင့် ၁ ကြိမ်၊ နေရာ ၂ နေရာမှ ရန်သူအင်အား ၃၀၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

ဖာပွန်မြို နယ်မြေခံတပ်ရင်းသို KNLA တပ်မဟာ ၅၊ ရင်း ၁၀၂ နှင့် အကြမ်းဖက်အင်အား(စိစစ်ဆဲ) အဖွဲက Drone ၃ စီး ၊ Drop Bomb ၁၈ လုံး ဖြုတ်ချတိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။

ပဲခူးတိုင်း

ပေါင်းတည်မြိုနယ်အတွင်း အကြမ်းဖက်များ ခိုအောင်းလှုပ်ရှားမှုမရှိစေရေး နယ်မြေရှင်းလင်းစဉ် ကိုင်းကွင်းကျေးရွာ၏ အရှေ့တောင်ဘက်သိုအရောက် အကြမ်းဖက်ပူးပေါင်းအင်အား ၁၀ ဦးခန့်က စတင်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်အတွင်း အကြမ်းဖက်သမားများထံမှ အကြမ်းဖက် ၂ လောင်း၊ အမ်(၂၂) ကျည် ၅ တောင့်၊ လက်လုပ်မိုင်း ၃ လုံး၊ လူနေတဲ ၇ လုံး၊ ဆိုင်ကယ် ၁ စီး၊ လက်ဆွဲမီးစက်အကြီး ၁ လုံး၊ ဆန် ၂ အိတ်၊ ပဲ ၂ အိတ် သိမ်းဆည်းရမိခဲ့။