ဖေဖော်ဝါရီလ ၂၃ ရက်နေ့ တိုက်ပွဲသတင်းများ

တိုက်ပွဲသတင်းထုတ်ပြန်ချက် 💥💥💥💥💥💥💥💥

ဖေဖေါ်ဝါရီလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်

(မိုင်းပွန်)

နံနက် ၆ နာရီခန့်တွင် ဟိုပုန်းမြို့နယ်၊ မိုင်းပွန်မြို့အနောက်ဘက် မီတာ ၇၀၀၀ ခန့်တွင် KNDF/PNLA အကဖ ၃၀ ဦးခန့်နှင့် လုံခြုံရေးတပ်ဖွဲ့များ အပြန်အလှန်ထိတွေ့တိုက်ပွဲ ၁ နာရီခန့် ဖြစ်ပွားပြီး ရန်သူ ပြန်ဆုတ်ခွာသွားခဲ့။

နံနက် ၉ နာရီခန့်တွင် KNDF/PNLA အဖွဲ့မှ Drone ၁ စီးဖြင့် Drop Bomb ချ လာရောက်တိုက်ခိုက်ခဲ့။ အလားတူ နံနက်ပိုင်းတွင် တပ်မတော်+PNO ပူးပေါင်းစစ်ကြောင်းအား KNDF/PNLA အကဖ ၁၀၀ ဦးခန့်က လက်နက်ကြီး/ငယ်များ၊ Drop Bomb များဖြင့် လာရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားပြီး နေ့လည် ၁၁ နာရီခန့်တွင် ရန်သူဆုတ်ခွာသွားခဲ့။

( ရန်သူ့သတင်း မသိရသေး၊ မိမိစစ်သည် ၁ ဦး ဒဏ်ရာရ )

(ကလေး)

နံနက် ၉ နာရီခန့်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်+ပသစ ပူးပေါင်းအဖွဲ့နှင့် အကြမ်းဖက်သမား ၃၅ ဦးတို့ အောင်သာယာရွာအနီးတွင် ထိတွေ့တိုက်ပွဲ နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး ရန်သူဆုတ်ခွာသွားခဲ့။

ဖြစ်စဉ်တွင်- အကြမ်းဖက် ၃ လောင်း၊ သေနတ် ၂ လက် သိမ်းဆည်းရမိ၊ မိမိဘက် ထိခိုက်မှုမရှိ။

(ကံထူးမ)

နံနက် ၁ နာရီခန့် စစ်ကိုင်းတိုင်း၊ ကံထူးမဝန်းကျင်တစ်ဝိုက်တွင် လုံခြုံရေးဆောင်ရွက်နေသော စစ်ကြောင်းနှင့် အကြမ်းဖက် ၁၂၀ ဦးတို့ ထိတွေ့တိုက်ပွဲ ၂ နာရီခန့်ဖြစ်ပွားခဲ့ပြီး ရန်သူဆုတ်ခွာသွားခဲ့။

( သေနတ် ၂ လက်၊ ကျည်အိမ် ၂ ခု သိမ်းဆည်းရမိ၊ မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိ )

(ပင်လည်ဘူး)

ဖေ ၂၃ ရက်၊ မနက် ၄ နာရီခန့်က စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ရှိ တပ်စခန်းအချို့အား အကြမ်းဖက် သမား ၃၀၀ ခန့်က လက်နက်ကြီး/ငယ်များဖြင့် ၂ ကြိမ်လာရောက်တိုက်ခိုက်သဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရ။ အလားတူ ဖေ ၂၄ ရက်(ယနေ့)မနက်ပိုင်းတွင် အကြမ်းဖက်သမားများ စုဝေးနေသော တောင်ကုန်းတစ်ခုသို့ တပ်မတော်မှ ကွန်မန်ဒိုစစ်ကြောင်းဖြင့် သွားရောက်ရှင်းလင်းခဲ့သောကြောင့် ရန်သူမှာ ဆုတ်ခွာထွက်ပြေးသွားခဲ့။

( အကြမ်းဖက် ၁၅ လောင်း၊ သေနတ် ၇ လက်သိမ်းဆည်းရမိ၊ မိမိစစ်သည် ၂ ဦး ဒဏ်ရာရရှိ )

(ပေါင်းတည်)

မွန်းလွဲ ၁ နာရီခန့်က ပေါင်းတည်မြို့နယ်၊ လက်ပံခုန်ရွာအနီးတွင် နယ်မြေရှင်းလင်းစစ်ကြောင်းနှင့် အကြမ်းဖက်သမား ၄ ဦးတို့ ထိတွေ့တိုက်ပွဲ ၅ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး ရန်သူဆုတ်ခွာသွားခဲ့။
( အကြမ်းဖက် ၁ လောင်း၊ မိုင်း ၂ လုံး၊ ဆန် ၁၅ အိတ်၊ ကျွန်းသစ်များ သိမ်းဆည်းရမိ၊ မိမိထိခိုက်မှုမရှိ ) #Crd