မိုးညှင်းမြို့နယ်တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

စက်တင်ဘာလ ၂၈ ရက်နေ့ကမိုးညှင်းမြို့နယ် နန့်စီးအောင် စုပေါင်းဂိတ်တွင် စုပေါင်း လခရ အဖွဲများမှ HIACE ယာဉ်အား ရှာဖွေရာ ဂျပ်ဖာ ၅ ဖာအတွင်းမှ ခေါက်ဆွဲခြောက်များနှင့် ရောတင်လာသည့် ဘိန်းဖြူဆပ်ပြာခွက်များတွေ့ရှိသဖြင့် စုံစမ်းမေးမြန်းရာ ဟိုပင်မြိုသိုပိုရမည့်ပစ္စည်းဖြစ်ကြောင်းသိရသဖြင့် ဟိုပင်မြိုသို ရောက်သည့်အချိန်တွင် ပစ္စည်းအား ဖုန်းဆက်လာယူခိုင်းရာ ဆိုင်ကယ်နှင့်လာသူ တင်ဇော်ဝင်း ၂၉ နှစ်နှင့် AD Van ကားဖြင့်လာသူ ဇော်မျိုးထွန်း ၂၆ နှစ်တိုအား ဖမ်းဆီးရမိခဲ့။
ဖမ်းဆီးရမိ ဘိန်းဖြူများအား ဖွင့်ဖောက်စစ်ဆေးရာ ဘိန်းဖြူ ဆပ်ပြာခွက် တစ်ခွက်လျှင် ၁၀ ဂရမ်ပါ ၃၂ ခွက်
စုစုပေါင်း အလေးချိန် ၃၂၀ ဂရမ်
၁ ဂရမ်လျှင် ကာလတန်ဖိုး ၄၀,၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ၁၂၈ သိန်းခန့်တန်ဖိုးရှိဘိန်းဖြူများအား ဖမ်းဆီးရမိခဲ့။