မြိုင်မြို့နယ် ဆိုင်ဂေါင်းရွာမှာ လက်နက်များစွာ ဖမ်းဆီးရမိ

28-9-2023 ရက်နေ့ မြိုင်မြို့နယ် ဆိုင်ဂေါင်း ကျေးရွာအနီး အများပြည်သူအသုံးပြုနေသည့်လမ်းအား PDF အကြမ်းဖက်များ မိုင်းထောင်နေကြောင်း ဒေသခံပြည်သူများမှ သတင်းပေးပို့လာသည့် အတွက် တပ်မတော်စစ်ကြောင်းများမှ သွားရောက်ရှင်းလင်းခဲ့ရာ PDF အကြမ်းဖက်များ ထွက်ပြေးသွားပြီး ၎င်းတို့မိုင်းထောင်သည့်နေရာမှ

-လက်လုပ်စိန်ပြောင်း ၅ လက်
-လက်လုပ်ဗုံးသီး ၁ လုံး
-လက်လုပ်မိုင်း ၉ လုံး
-အိုင်ကွန်အထိုင်စက် ၁ လုံး
-ဝါယာကြိုး ၁ ခွေ
-သံတိုသံစ ၁၅ ပိဿာခန့် ၃ အိတ်
-စပရိန် ၁၅ ချောင်း တို့အား သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။