သမိုင်းဝင် မြသိန်းတန်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူ ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမမြို့၊ မြင်းတပ်ရပ်၌ တည်ထားကိုးကွယ်တော် မူသော ရှေးဟောင်းဘုရား(၁၆)ဌာနသမိုင်းဝင် မြသိန်းတန်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် သံဃာတော် ၁၈၀ ပါးတို့ကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲတို့ကို ရင်ပြင်တော်၌ ပြုလုပ်ရာ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ၊ နန်းဦးကျောင်း တိုက် ဦးစီးပဓာန နာယက မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြတယ်လလို့သိရပါတယ်။