ငွေသွင်းထားပြီး OWIC ကတ်များ မေလ ၁၉ ရက်နေ့အတွင်း နောက်ဆုံးထား၍ မဟာချိုင် TDCC ရုံးခွဲတွင် ထုတ်ယူရန်

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအနေဖြင့် မြန်မာသံရုံးတွင် ငွေသွင်းထားပြီး OWIC ကတ် မထုတ်ရသေးပါက မေလ ၁၉ ရက်နေ့အတွင်း နောက်ဆုံးထား၍ မဟာချိုင် TDCC ရုံးခွဲတွင် သွားရောက်ထုတ်ယူကြရန် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားကြောင်းသိရပါတယ်..။ သိရှိလိုသည့်အချက်များရှိပါက TDCC ရုံးခွဲ၏ ၀၈၁၄၅၉၀၉၁၄ နှင့် ၀၈၂၄၄၅၁၆၄၈ ဖုန်းများသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးကြေညာထားပါတယ်..။