အဘိဓမ္မာစာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံသား (၄၃) ဦးအား ဂုဏ်ပြုသည့်အခမ်းအနား့ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတက်ရောက်

၂၀၂၂ ခုနှစ်၊ အဘိဓမ္မာစာမေးပွဲ (Level-1 နှင့် Level-2) ဖြေဆိုအောင်မြင်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသား (၄၃) ဦးအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြိုရှိ ဓမ္မဝိဟာရီ ဗုဒ္ဓဘာသာ သင်တန်းကျောင်း၌ ဇွန်လ ၁၈ ရက်က ပြုလုပ်ခဲ့ရာ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မျိုးမြင့် တက်ရောက်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ အဘိဓမ္မာတရားတော်နှင့် ဗုဒ္ဓဘာသာ အခြေခံတရားတော်များကို သင်ကြားချနေသည့် ဓမ္မဝိဟာရီ ဗုဒ္ဓဘာသာ ကျောင်းထိုင်ဆရာတော်အရှင်ခေမိန္ဒ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မျိုးမြင့်က ၂၀၂၂ ခုနှစ်၊ အဘိဓမ္မာစာမေးပွဲဖြေဆိုအောင်မြင်သူ Level-1 မှ (၂၈) ဦးနှင့် Level-2 မှ (၁၅) ဦးအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ကာ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

သံအမတ်ကြီးသည် ဇွန်လ (၁၇) ရက်ကလည်း Vihara Jakarta Dhammacakka Jaya ၌ ကျင်းပခဲ့သည့် ဆရာတော်၊ သံဃာတော်အပါး(၂၀)၊ မြန်မာသံရုံးမိသားစုနှင့်အတူ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးများနှင့် သံရုံးအဖွဲဝင်များ၊ ဗုဒ္ဓဘာသာဝင် အင်ဒိုနီးရှားနိုင်ငံသား (၅၀၀)ကျော် တက်ရောက်ခဲ့သည့် ဗုဒ္ဓပူဇနိယအခမ်းအနား့လည်း တက်ရောက်ကြည်ညိုခဲ့ကြောင်း သိရသည်။