လုံခြုံရေးတပ်ဖွဲ့ဝင်၇ ဦးပစ်ခံရပြီးသေဆုံးတယ်လို့ Mizzima မှ သတင်းအမှားရေး

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့တဖက်ကမ်း ၊ ကွန်ပျူတက္ကသိုလ်ကျောင်းရှေ့ရှိ ရဲတပ်ဖွဲ့ဝင်များ အစောင့်ချထားသည့် ဂိတ်စခန်းနေရာကို ဩဂုတ်လ ၄ ရက်နေ့တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဂိတ်မှာ မတ်တပ်ရပ်နေတဲ့ ရဲတပ်သား ရှစ်ဦးကို ပစ်ခတ် တိုက်ခိုက်ခဲ့တာ ခုနှစ်ဦးသေတယ်လို့ Mizzima မှရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၄ ရက်နေ့တွင် စစ်ကိုင်းတိုင်း ၊ မုံရွာမြို့တဖက်ကမ်း ၊ ကွန်ပျူတက္ကသိုလ်ကျောင်းရှေ့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ Mizzima ဖြစ်စဉ်အမှန်မရေးတဲ့အပြင် PDF ဂုဏ်ဖော်ပြီး စိတ်ကူးရုပ်ရှင်ရိုက်ကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦးသေတယ်လို့ ဇာတ်လမ်းဆန်ဆန် သတင်းအမြတ်ထုတ်ရေးသားထားခြင်းဖြစ်ပါတယ်။