သွေးတိုးရောဂါ အကြောင်း သိကောင်းစရာများ

သွေးတိုးရောဂါသည် လူမျိုးဘာသာမရွေး၊ ကျားမမရွေး၊
အသက်အရွယ်မရွေး ဖြစ်ပွားတတ်သော ရောဂါဖြစ်ပါတယ်။
သွေးတိုးရောဂါ ရှိ/မရှိကို သွေးပေါင်ချိန်တိုင်းခြင်းဖြင့်သာ
အသေအချာ သိရှိနိုင်မှာ ဖြစ်ပါတယ်။
.
ပုံမှန်သွေးပေါင်ချိန် အပေါ်သွေး ၁၂၀ အောက်သွေး ၈၀
ကျော်လျှင် သွေးတိုးရောဂါ ဖြစ်ပွားနေပြီ ဖြစ်ပါတယ်။
သွေးပေါင်ချိန် ပမာဏကို သိရင် သွေးတိုးရောဂါဖြစ်ပွားမှု
အဆင့် ဘယ်လောက်ရောက်နေပြီဆိုတာ ကြည့်လို့ရအောင်
ဇယားလေးထဲ့ပေးထားပါတယ်။
.
သွေးတိုးရောဂါကြောင့် နှလုံးသွေးကြောကျဉ်းခြင်း၊
နှလုံးသွေးကြောပိတ်၍ အသက်အန္တရာယ်စေခြင်း၊
နှလုံးခုန်နှုန်း မမှန်ခြင်း၊ နှလုံးညှစ်အား ကျဆင်းခြင်း
စတဲ့ နှလုံးရောဂါ အမျိုးမျိုးအပြင် ကျောက်ကပ်ပျက်
စီးခြင်း၊ လေဖြတ်ခြင်းစတဲ့ ရောဂါများကို ဖြစ်ပွားစေ
ပါတယ်။
.
နောက်ဆက်တွဲရောဂါများအဖြစ် နှလုံးသွေးလွှတ်ခန်း
များ ထူလာခြင်း၊ နှလုံးကြွက်သား ရောဂါ၊ နှလုံးကြွက်
သားပုပ်ခြင်း၊ လေဖြတ်ခြင်း(ဦးနှောက်သွေးကြောပေါက်
ခြင်းနှင့် သွေးကြောပိတ်ခြင်း) တို့ ဖြစ်တတ်ပါတယ်။
.
သွေးပေါင်ချိန် အနည်းဆုံး ၁၃၀/၈၀ အောက်သို့
ရောက်ရှိမှသာ နောက်ဆက်တွဲ ရောဂါများကို
ကာကွယ်လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
.
ကျောက်ကပ်ရောဂါအမျိုးမျိုး၊ လည်ပင်းကြီးရောဂါများ
အပါအဝင် ဟော်မုန်းဆိုင်ရာ ရောဂါများ၊ မွေးရာပါ နှလုံး
သွေးကြောမကြီး ကျဉ်းသူများ၊ အကိုက်အခဲပျောက်ဆေး
များကို ကြာရှည်မှီဝဲနေရသူများ၊ အရက်သောက်သူများနှင့်
အငန်ဓာတ်များသော အစားအစာများကို အလွန်အကျွံ
သုံးစွဲသူများဟာ သွေးတိုးရောဂါ ဖြစ်ပွားနိုင်ချေ များပါတယ်။
သွေးတိုးရောဂါကို ကာကွယ်ကုသနိုင်မည့်
နည်းလမ်းများကတော့
အငန်ဓာတ် လျော့စားခြင်း
မြန်မာလူမျိုးတို့၏ နေ့စဉ်ဟင်းလျာများတွင် အမြဲပါဝင်သော
ငါးပိ၊ ငါးခြောက်များကို အလွန်အကျူး မစားသင့်ပါ။
ချက်ပြုတ်ရာတွင် အငန်ဓာတ်မများစေရန် သတိပြုပါ။
.
ကိုယ်အလေးချိန်ချခြင်း
ကိုယ်အလေးချိန် များခြင်းနှင့် အဝလွန်ခြင်းသည်
သွေးချို/ဆီးချိုရောဂါများနှင့် ဆက်စပ်မှု ရှိပါသည်။
ကိုယ်အလေးချိန် ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပါ။
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ခြင်း။
.
လတ်ဆတ်သော အသီးအရွက်များ စားခြင်း
အမျှင်ဓာတ်နှင့် ဗီတာမင်များပြီး လတ်ဆတ်သော
သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် နှံစားသီးနှံများကို
များများစားပါ။
.
အရက်ဖြတ်ခြင်း
ဆေးလိပ်ဖြတ်ခြင်း
အဆီလျှော့စားခြင်း
အဆီထုတ်ထားသော နို့နှင့် ဒိန်ချဉ်များကို
စားသုံးသင့်တယ်။
သတိပြုသင့်သည့် အချက်များ
**************************
သွေးတိုးရောဂါရှင်များသည် ဖြစ်သည့်နေ့မှစ၍
တစ်သက်တာ ဆေးသောက်သုံးရန် လိုပါတယ်။
.
သွေးတိုးဝေဒနါရှင် ၁ ဦးဟာ ကျန်းမာသူ ၁ ဦးနှင့်
နှိုင်းယှဉ်ပါက လေဖြတ်နိုင်ခြေ ၇ ဆနှင့် နှလုံးရောဂါ
ဖြစ်နိုင်ခြေ ၃ ဆ ပိုမို မြင့်မားပါတယ်။
.
သွေးတိုးရောဂါဟာ လေဖြတ်ခြင်း၏ အဓိက
အကြောင်းရင်း ၁ ခု ဖြစ်ပါတယ်။
အငန်ဓာတ်သည် သွေးပေါင်ချိန်ကို မြင့်စေသဖြင့်
အငန်ဓာတ်ကို ရှောင်ပါ။ မရှောင်နိုင်က အငန်လျှော့
စားပါ။
.
သွေးပေါင်ချိန် ၁၃၀/၉၀ ကျော်သည်နှင့် ခန္ဓာကိုယ်
အတွင်းရှိ သွေးကြောများ တဖြည်းဖြည်းနှင့် ကြွပ်
ဆတ်မာကြော တောင့်တင်းလာကာ ကျန်းမာရေး
ပြဿနာပေါင်းစုံကို လက်ကမ်းခေါ်နေပြီဖြစ်ကြောင်း
သတိပြုမိပါစေ။
.
သွေးတိုရောဂါကို ထိရောက်စွာကုသနိုင်ရန်
ဆရာဝန်ညွှန်ကြားသော ဆေးများကို တိကျစွာ
သောက်သုံးရန် လိုအပ်ပါတယ်။
.
​​နေ့စဉ်သွေးပေါင်ချိန်ရန် သုံးလိုက်ရသော
မိနစ်ပိုင်းမျှ အချိန်သည် သွေးတိုးရောဂါရှင်များ
သက်တမ်းစေ့နေနိုင်မည့် အဖိုးတန်သော
ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်ပါတယ်(နေ့စဉ်သွေးပေါင်ချိန်ပါ )
#ကျန်းမာရေးဝန်ကြီးဌာန