အထွေထွေပြုပြင်သူ(ဟာသ)

အရာခံ/ အကြပ်ကြီးရိပ်သာအနီးတွင် ဖက်ထိပ်လုပ်နေရင်း ကျောင်းဆင်းတပ်သားသစ် တပ်သားမောင်မောင်တစ်ယောက် ခေတ္တနားချိန်မှာ ရိပ်သာမှာရှိတဲ့ အခန်းများရဲ့ နာမည်တွေကို လိုက်ဖတ်နေလေရာ
တပ်ကြပ်ကြီး မောင်လွင်
သူ့အနားရောက်လာတော့

တပ်သား- ဆရာကြီး အထွေထွေပြုပြင်သူဆိုတော့ ဘာတွေပြင်တာလဲ ဆရာကြီး.
တပ်ကြပ်ကြီး- ဟေ ဘာကိုပြောတာလဲ တပည့်၊ မင်းဘာတွေ့ခဲ့လို့လဲ.
တပ်သား- ဖုန်းပြင်၊ တီဗီပြင်လုပ်တတ်တဲ့ ဆရာကြီးအခန်းမှာ တကက/အပ ဆိုပြီးရေးထားလို့၊ `အပ´ ဆိုတာ အထွေထွေပြုပြင်သူလာလို့ ထင်လို့ပါ ဆရာကြီး..
တပ်ကြပ်ကြီး- ပြုံးလျက်နဲ့ မှတ်ထား တပည့်ရ `အပ´ ဆိုတာ ဆက်သွယ်ရေးတပ်ဖွဲ့က အီလက်ထရောနစ်ပြင်ပညာသည် စစ်သည်ကို ပြောတာပါကွာ…

သန့်ဇော်မင်း(ပတ္တမြားမြေ)