ပုဏ္ဏားကျွန်းပင်မ ဓာတ်အားခွဲရုံ ပြန်လည်ထူထောင်ရေးလုပ်ငန်း ၉၀ ရာခိုင်နှုန်းပြီးစီး

မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြိုရှိ (၂၃၀)ကေဗွီ ပင်မဓာတ်အားခွဲရုံအား ပြန်လည်ထူထောင်ရေးလုပ်ငန်းကို လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ အင်ဂျာနီယာနှင့်ကျွမ်းကျင် လုပ်သားများဖြင့် မေလ (၁၅)ရက်နေ့မှစတင်၍ နေ့မအား ညမအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ မေလ ၂၅ ရက်နေ့တွင် ၉၀ ရာခိုင်နှုန်းထိ ပြီးစီးနေပြီဖြစ်ကြောင်းသိရပါတယ်။