တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ငပုတောမြို့နယ်ရှိ ဒေသခံများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

နိုဝင်ဘာလ ၁၉ ရက်တွင် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ရှိ ပြည်သူ့ဆေးရုံတွင် အခြေပြုပြီး ဒေသခံပြည်သူ ၉၄၂ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါတယ်။

ဆေးကုသမှုဆိုင်ရာရောဂါ ၅၂၈ ဦး၊ ခွဲစိတ်ရောဂါ ၁၇ ဦး၊ သားဖွား/မီးယပ်ရောဂါ ၄၈ ဦး၊ ကလေးရောဂါ ၅၈ ဦး၊ အရိုးရောဂါ ၁၈၅ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၃၉ ဦး၊ သွားနှင့်ခံတွင်းရောဂါ ၆၇ ဦး စုစုပေါင်း ၉၄၂ ဦး တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးခဲ့တယ်လို့ သိရှိရပါတယ်။