ကာရန်ဘန်ဇီမာဟာ သည် ၂၀၂၂ကာတာကမ္ဘာ့ဖလားကို ဒုတိယအကြိမ်ဆက်လက် လွဲချော်ခဲ့ရ

၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ပြင်သစ်လက်ရွေးစင်အသင်းရဲ့ လူစာရင်းမှာ မပါဝင်ခဲ့လို ကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြှောက်ခွင့်နဲ့ လွဲချော်ထားခဲ့ရတဲ့ ကာရန်ဘန်ဇီမာဟာ အခုလည်း ကံဆိုးမှုကြီးတစ်ခုကြောင့် ၂၀၂၂ကာတာကမ္ဘာ့ဖလားကိုပါ ဆက်လက် လွဲချော်ခဲ့ရပြီ ဖြစ်ပါတယ်။

၂၀၂၂ခုနှစ်အတွင်း ချန်ပီယံလိဂ်ဖလား လာလီဂါဖလားတိုကို ပိုင်ဆိုင်ခဲ့သလို ကစားသမားဘဝရဲ့ ပထမဆုံးသော တစ်ဦးချင်းဆုတွေဖြစ်တဲ့ Ballon d’Or ဆုနဲ့ လာလီဂါသွင်းဂိုးအများဆုံးဆုတွေကိုပါ ပိုင်ဆိုင်ခဲ့ရတဲ့ ဘန်ဇီမာက ပြင်သစ်အသင်းရဲ့ World Cup squad ထဲမှာ ပြန်လည် ပါဝင်ခဲ့ရပေမယ့်လည်း ပြိုင်ပွဲ ကျင်းပဖို ရက်ပိုင်းလေးသာ လိုတော့တဲ့အချိန်မှာ လေ့ကျင့်ခန်း ပြုလုပ်နေစဥ်အတွင်း ပေါင်ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ပြင်သစ်ရဲ့ ကစားသမား (၂၆)ဦးစာရင်းကနေ ထွက်ခွာလိုက်ရပြီဖြစ်ပြီး ကစားသမားဘဝရဲ့ နောက်ဆုံးသော ကမ္ဘာ့ဖလားကိုလည်း လက်ပြနှုတ်ဆက်ခဲ့ရပြီပဲ ဖြစ်ပါတယ်။