တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)မှ ဟိုင်းကြီးကျွန်းရှိဒေသခံပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ဒေသခံပြည်သူများအား ဟိုင်းကြီးကျွန်းမြို့၊နယ်မြေခံတပ်မတော်ဆေးရုံတွင်အခြေပြု၍ ဒေသခံပြည်သူ ၇၄၈ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါတယ်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ….

  • ဆေးကုသမှုဆိုင်ရာရောဂါ ၂၈၆ ဦး၊
  • ခွဲစိတ်ရောဂါ ၆၃ ဦး၊
  • သားဖွား/ မီးယပ်ရောဂါ ၄၄ ဦး၊
  • ကလေးရောဂါ ၅၄ ဦး၊
  • အရိုးရောဂါ ၁၇၃ ဦး၊
  • နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၅၅ ဦး၊
  • မျက်စိရောဂါ ၅၃ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၂၀ ဦး၊ စုစုပေါင်း ၇၄၈ ဦး…တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများပြုလုပ်ပေးခဲ့။
  • ခွဲစိတ်ကုသရန်လိုအပ်သူ အကြီးစားခွဲစိတ်လူနာ ၁ ဦး၊
  • မျက်စိခွဲစိတ်လူနာ ၃၀ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီး အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၃၁ ဦး၊
  • ECG ဖြင့် နှလုံး စမ်းသပ်လူနာ ၃၂ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၀ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့။
  • ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် လူနာများအား နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်…….ရှင့်