Yangon Water Bus ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်

ရန်ကုန်မြစ်အတွင်း Yangon Water Bus ပြေးဆွဲခြင်းကို ကိုဗစ် ၁၉ ကြောင့်ရပ်နားထားရာမှ အောက်တိုဘာ ၆ ရက်တွင် ပြန်လည်ပေးဆွဲနေပြီဖြစ်ပါတယ်။ အရင်ကဲ့သို့ ဗိုလ်တထောင်-အင်းစိန် မဟုတ်ပဲ လူစီးများတဲ့ နေရာများမှာပဲ ပြေးဆွဲသွားမှာဖြစ်ပြီး တိုးချဲ့ ပြေးဆွဲသွားဖို့တွေလည်း ရှိပါတယ်။ လတ်တလော ရေယာဉ် (၂) စီးဖြင့် ပြေးဆွဲနေပြီး နေ့စဉ်ပြေးဆွဲမယ့် အစီအစဉ်မှာ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေအဆင်ပြေစေဖို့အတွက် မနက် ၆ နာရီမှ ည ၉နာရီ နောက်ပိုင်းအထိ စီစဉ်ထားပြီး ယာဉ်စီးခအနေဖြင့် တစ်ဦးလျှင် ၅၀၀ ကျပ်နှုန်းနဲ့ ပြေးဆွဲနေပါတယ်။ ညနေပိုင်း sunset ကြည့်ဖို့အတွက်နဲ့ စနေ၊ တနင်္ဂနွေ အတွက် တွံတေး ခရီးစဉ် လည်းပေးဆွဲပေးမှာဖြစ်ပြီး ယာဉ်စီးခ အနေဖြင့် sunset ကြည့်ရန်အတွက် ယာဉ်စီးခမှာ ၅၀၀၀ ကျပ်နှင့် တွံတေးခရီးစဉ်အတွက် ယာဉ်စီးခမှာ ၁၈၀၀၀ ကျပ် ဖြစ်ကြောင်း သိရှိရပါတယ်ရှင်……….