ကလေးသူငယ် ညှင်းပန်းတဲ့ စင်ကာပူမူကြိုဆရာမတစ်ဦး အဖမ်းခံထားရ

စင်ကာပူနိုင်ငံ၊ ကျောက်ချူးကန်နယ်မြေမှ အသက် ၄၈ နှစ်အရွယ် မူကြိုကျောင်းဆရာမတစ်ဦးဟာ ယောက်ျားလေးငယ်တစ်ဦးကို ညှင်းပန်းတယ်ဆိုပြီး စွပ်စွဲခံရထားတဲ့ ဗီဒီယိုတစ်ဖိုင် အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် သူ့ကို ဩဂုတ် ၂၉ ရက်က စင်ကာပူရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

အဲဒီအမျိုးသမီးဟာ အသက် ၁၄ နှစ်အောက် ကလေးငယ်တစ်ဦးအပေါ် သူ့ရဲ့စိတ်ဆန္ဒအလျောက် နာကျင်စေမှုဖြင့် စုံစမ်းစစ်ဆေးမှု ခံနေရပါတယ်။

၁၉ စက္ကန့်ကြာတဲ့ ဗီဒီယိုဖိုင်တစ်ဖိုင်ဟာ လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့သွားခဲ့ပြီး အဲဒီဗီဒီယိုကို ကျောက်ချူးကန်ရိပ်သာ အမှတ် ၃ ၊ Sunshine Place ရှိ Kinderland မူကြိုကျောင်းထဲ ရိုက်ကူးထားတာလို့ ယူဆရပါတယ်။