မြန်မာအသင်း IESF World Championship 2023 ပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်

နိုင်ငံပေါင်း ၁၆ နိုင်ငံ ဝင်ရောက်ယှဥ်ပြိုင်တဲ့အထဲမှာမှ မြန်မာ အသင်းဟာ အမေရိကန်၊ ဂျော်ဒန် တဲ့ နိုင်ငံကြီးတွေကို ဖြုတ်ခဲ့ပြီး Final တက်ရောက်ခဲ့ပါတယ်။ Final ပွဲကို လာမယ့် တနင်္ဂနွေနေ့ (3 Sept 2023) တွင် မွန်ဂိုလီးယားနိုင်ငံအသင်းနှင့် ယှဥ်ပြိုင်မည်ဖြစ်ပြီး Champion ဆုက – ဒေါ်လာ ၅ သောင်း (မြန်မာငွေ သိန်း ၂ ထောင်ခန့် ဆုကြေး)၊ ဒုတိယဆု – ဒေါ်လာ ၃ သောင်း (မြန်မာငွေ သိန်း ၁ ထောင့် ၂ ရာခန့်) ရရှိနိုင်မည်ဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာလည်း မွန်ဂိုအသင်းကို အနိုင်ရဗိုလ်စွဲပြီး Champion ဆုကိုရယူသိမ်းပိုက်နိုင်ပါစေ..။