သခွားပင်​​တွေ အရွက်ဝါတာ ဘာ​ကြောင့်လဲ၊ ဘယ်လိုပြုပြင်ရမလဲ?

သခွားမျိုးနွယ်သာမက အခြား​သော သစ်သီးဝလံ သီးနှံ​တွေမှာလည်း၊ အရွက်ဝါရခြင်းအ​ကြောင်းတရား​တွေက တခုတည်း​ကြောင့်မဟုတ်ဘဲ… အ​ကြောင်းအရာ များစွာရှိပါတယ်။

#ပုံမှန် အစိမ်း​ရောင်ရှိ​နေရမယ့် အနေအထားမှာ… ဘာ​ကြောင့်အဝါ​ရောင်ဖြစ်​နေရသလဲ?

အရိုးရှင်းဆုံး​ပြောရရင်၊ အစိမ်း​ရောင်ကလိုရိုဖီး ပျက်စီးဆုံးရှုံးရခြင်း​ကြောင့်ပဲ ဖြစ်ပါတယ်။

ကလိုရိုဖီး​တွေ ဘာ​ကြောင့်ဆုံးရှုံးရတာလဲ?… ဆိုပြန်​တော့..

ဖြစ်ရခြင်းအ​ကြောင်းရင်း​တွေထဲက…အဖြစ်နိုင်ဆုံးအ​ကြောင်းရင်းများကို ​ပြောပြချင်ပါတယ်။

အဲဒါ​တွေက​တော့….

  • ၁။​မြေဆီလွှာ အာဟာရ ချို့တဲ့ခြင်း ( Deficiencies in the soil)
  • ၂။​ ရောဂါတမျိုးမျိုး ကျ​ရောက်​နေခြင်း (Diseases that affect cucumber plants)
  • ၃။ ဖျက်ပိုးတမျိုးမျိုး ကျ​ရောက်ခြင်း (Pests that affect cucumber plants)
  • ၄။​ ရေ​ပေးသွင်းမှု ပြဿနာ တစုံတခုရှိ​နေခြင်း (Watering problems )
  • ၅။ ​နေ​ရောင်ခြည် ရရှိမှု မလုံ​လောက်ခြင်း (Insufficient sunlight)

ဆိုပြီး​တော့… ခွဲခြားနိုင်ပါတယ်။

တချက်ချင်း အ​သေးစိတ် ပြန်ဆွေး​နွေးကြည့်မယ်ဆိုရင်…

မြေဆီလွှာ အာဟာရချို့တဲ့ခြင်း

ဒီပြသနာက​တော့… နေရာအနှံ့အပြားမှာ ရှိ​နေပါတယ်။

မိမိစိုက်ပျိုး​​နေတဲ့​မြေမှာ ဘယ်အာဟာရ​တွေက…ဘယ်​လောက်ပို​နေပြီး…

ဘယ်အာဟာရ​တွေက ဘယ်​လောက်ချို့တဲ့​နေတယ်ဆိုတာ… နည်းလမ်းရှိ​ပေမယ့် လက်လှမ်းမမီကြ​သေးဘူး ဖြစ်​နေပါတယ်။

​ခေတ်မီနည်း/ကိရိယာများနဲ့ ဓာတ်ခွဲ စမ်းသပ်ကြည့်မှ သိရမှာမို့ပါ။

ဆို​တော့ကား..

မြေပြင်တကယ့်လက်​တွေ့မှာ…အာဟာရချို့တဲ့လို့… အရွက်ဝါရခြင်း အ​ကြောင်းအရာ ၃ ခု ရှိပါတယ်။

၁။ နိုက်ထရိုဂျင်ဓာတ် ချို့တဲ့ခြင်း​ကြောင့် အရွက်ဝါခြင်း (Nitrogen deficiency)

  • သခွားအပါအဝင် သီးနှံပင်​တွေမှာ… အပင်စိမ်းလန်းဖို့၊ ကြီးထွားမြန်ဖို့ လုပ်​ဆောင်ရာမှာ… အဓိကဇာတ်လိုက် အာဟာရဓာတ် ဖြစ်ပါတယ်။
  • နိုက်ထရိုဂျင်ပါတဲ့​မြေသြဇာကို…လိုအပ်တဲ့ပမာဏရ​အောင် မ​ကျွေးလို့ပဲဖြစ်ဖြစ်… ​ကျွေးလျက်နဲ့ အမြစ်​မွှေးအလုပ်မလုပ်နိုင်လို့ မစားနိုင်လို့ဖြစ်​စေ..
  • ​အောက်အရွက်​တွေကစပြီး… ဝါလာတတ်ပါတယ်။

(နိုက်ထရိုဂျင်ဓာတ်ပါ​သောဓာတ်​မြေသြဇာ၊ သဘာဝ​မြေသြဇာ ​ကျွေး​ပေးပါ၊ သို့မဟုတ် အရွက်ဖျန်း​မြေသြဇာ ​ကျွေးပါ)

၂။ ပိုတက်စီယမ် ချို့တဲ့ခြင်း​ကြောင့် ဝါရခြင်း (Potassium deficiency)

  • သီးနှံပင်​တွေမှာ၊ အပွင့်အဖူးဝင်ချိန်ကစပြီး၊ ပိုတက်စီယမ် အထူးလိုအပ်ပါတယ်။
  • ဒါ​ကြောင့် အပွင့်ဖူးဆင်ချိန်မှာ၊ အရွက်အနား​လေး​တွေ (အရွက်နှုတ်ခမ်းနား​တွေ)အဝါရစ်​လေး​တွေ စ​တွေ့ရင်၊ပိုတက်စီယမ် ချို့တဲ့လက္ခဏာလို့ မှတ်ပါ။
  • တဖြည်းဖြည်းကြာလာရင် နှုတ်ခမ်းနား​လေး​တွေ ​ခြောက်လာတတ်ပါတယ်။

(NPK ​နောက်အချိုးများတဲ့ ​မြေသြဇာ ​ကျွေး​ပေးရပါတယ်။ သို့မဟုတ် ပိုတက်စီယမ် နိုက်ထရိတ် အရွက်ဖျန်း​မြေသြဇာ ဖျန်း​ပေးနိုင်ပါတယ်။)

၃။ သံဓာတ်ချို့တဲ့ခြင်း​ကြောင့် ဝါခြင်း (Iron deficiency)

  • သင့်စိုက်ခင်း​မြေမှာ… သံဓာတ်ချို့တဲ့​နေလျှင် ဖြစ်​စေ၊
  • ​မြေကြီးပီအိပ်ချ် နိမ့်လွန်း(​မြေချဉ်လွန်း)ရင် ဖြစ်​စေ

သံဓာတ်ချို့တဲ့လက္ခဏာ ​တွေ့ရပါမယ်။

  • အရွက်နု​လေး​တွေ အဝါ​ရောင် သမ်းနေလိမ့်မယ်။
  • အလယ်ရွက်​တွေမှာ အရွက်​ကြောပဲစိမ်းပြီး… ရွက်​ကြောကြား​တွေ ဝါ​နေရင်…သံဓာတ်ချို့တဲ့​နေလို့ပါ။

(အိုင်းရွန်းပါတဲ့ အရွက်ဖျန်း​မြေသြဇာ သို့မဟုတ် အိုင်းရွန်းဆာလဖိတ်ကို… ​ကျွေး​ပေးနိုင်ပါတယ်။)

အထက်မှာပြောခဲ့သလို… ​မြေကြီးကို ဓာတ်ခွဲစမ်းသပ်နိုင်ရင်​တော့  အ​​ကောင်းဆုံးပါ။

အပင်​ရောဂါ တမျိုးမျိုးကျ​ရောက်​နေခြင်း (Diseased infected in plant)

၁။ မိုဇိတ် ဗိုင်းရပ်​ရောဂါ ကျ​ရောက်ခြင်း (Cucumber mosaic virus )

မိုဇိတ်ဗိုင်းရပ်​ရောဂါ ဆိုတာက​တော့…

  • အရွက်​တွေ​ပေါ်မှာ အဝါ​ပြောက်​လေး​တွေ ​တွေ့ရမယ်။ အရွက်ပုံသဏ္ဌာန် မမှန်တာ​တွေ့ရမယ်။
  • တဖြည်းဖြည်း တပင်လုံး ဝါသွားမယ်။ အပင်လည်းမကြီးနိုင်၊ မသီးနိုင်ဖြစ်မယ်။
  • ဒီဗိုင်းရပ်​ရောဂါမှာ… ကုစရာ ​ဆေးမရှိ​သေးပါဘူး။
  • ပျ(Aphic)တမျိုးမှတဆင့် တပင်မှတပင် ကူးစက်ပျံ့နှံ့စေပါတယ်။

(အပင်ငယ်ကတည်းက၊ ပျကာကွယ်​ဆေး(အဆီတာမီပရစ်/အဆက်-20) ၇ ရက်ခြား ဖျန်း​ပေးပါ။

လက္ခဏာ​တွေ့ရတဲ့အပင်ကို… နုတ်ယူဖယ်ရှားပါ)

၂။ ဖျူ​ဆေရီယံ ပင်ညှိုး​ရောဂါ (Fusarium wilt)

Fusarium oxysporum မှိုကြောင့်ဖြစ်ပြီး ​မြေကြီးထဲမှာ၊ ပင်ကြွင်းကျန်​တွေထဲမှာ နှစ်များစွာ ခို​အောင်း​နေပါတယ်။

  • အပင်ငယ်စဉ် ခါးရိ ပင်ညှိုးလက္ခဏာ​တွေ့ရပြီး၊
  • အပင်ကြီးလာရင် အရွက်​တွေ ဝါလာတာ​တွေ့ပါတယ်။
  • (Vascular system)အပင်ရဲ့ အစာ​ရေ​​ကြောစနစ်ကို ဖျက်ဆီးတဲ့မှို​ရောဂါမို့လို့ အပင်ဝါမယ်၊ အပင်တန့်မယ်၊ အပင်ညှိုးပါမယ် ။

(ဓာတုမှိုသတ်​ဆေးထက် ထရိုင်ကိုဒါးမားကို လူးနယ်စိုက်ခြင်း၊ ​မြေကြီးထဲထည့်​ပေးခြင်း ပြုလုပ်သင့်ပါတယ်။)

၃။​ ဒေါင်းနီးမှို​ရောဂါ ကျ​ရောက်ခြင်း(Downy mildew)

  • (Pseudoperonospora cubensis) မှို​ရောဂါ​ကြောင့် သခွားရွက်အ​ကြောကြား​ ထောင့်ကွက်​တွေမှာ အဝါကွက်​လေး​တွေ ​တွေ့ရပါတယ်။
  • တဖြည်းဖြည်း ဝါရာကနေ ကြွပ်​ခြောက်တတ်ပါတယ်။

(အရွက်​အောက်ဖက်မှာ မှိုဖြူဖြူအကွက်လေး​တွေ ​တွေ့ရင် မှိုသတ်​ဆေးဖျန်းပါ

အဇိုဇီစထရိုဘင်၊ ဒိုင်မီသို​မော့၊ ဖို့စီတိုင်းအလူမီနီယံ၊ ဆိုင်​မောက်ဇ​​နေးလ် တမျိုးမျိုး ဖျန်းပါ။

ပင်ကြား၊ တန်းကြားမှန်​အောင်စိုက်ပြီး… ​လေဝင်​လေထွက်​ကောင်း​သော​နေရာမှာ စိုက်ပါ။)

ဖျက်ပိုးတမျိုးမျိုး ကျ​ရောက်ခြင်း (Pests infested in plant)

  • သစ်ရည်စုပ်ပိုးများဖြစ်ကြတဲ့ ပျ၊ ဖြုတ်၊ ယင်ဖြူ၊ မွှားပင့်ကူ၊ ​လှေး စတဲ့ ပိုးများ ကျ​ရောက်ခဲ့လျှင်လည်း အရွက်များ အဝါစက်များဖြစ်​ပေါ်လာပြီး နိုက်ထရိုဂျင်ချို့တဲ့သလိုမျိုး အဝါ​ရောင် တွေ့ရတတ်ပါတယ်။

(ပေါင်းမြက်များ စောစီးစွာရှင်းပါ။

-အဆီတာမီပရစ်/ အက်ဆီဖိတ်/ သိုင်ယာမိသိုဇင် စ​သော ​ဆေးအုပ်စုများကို အလှည့်ကျ ဖျန်းပါ)

​ရေ​ပေးသွင်းမှုပြဿနာ ရှိ​နေခြင်း (Watering problem)

  • ရေကြိုက်ပြီး ရေဝပ်ခြင်းကို မကြိုက်တဲ့ အပင်မျိုးထဲမှာ သခွားမျိုးနွယ်လည်း ပါပါတယ်။
  • ​ရေငတ်ရင်ဝါတတ်သလို ​ရေများ/အစိုများရင်လည်း အရွက်ဝါတတ်ပါတယ်။

(​ရေ​မြောင်းစနစ်နဲ့ ​ရေသွင်းခြင်းထက်၊ ​ရေပိုက်စနစ်(drip irrigation system)နဲ့ ​ရေ​ပေးခြင်းက ပြဿနာ နည်းနိုင်ပါတယ်)

နေ​ရောင်ခြည်ရရှိမှု မလုံလောက်ခြင်း (Insufficient sunlight)

  • သခွားပင်​တွေဟာ ​နေ​ရောင်ခြည်နဲ့ အစာချက်မှသာ အစိမ်း​ရောင် ကလိုရိုဖီးလ်အရွက်​တွေ ဖြစ်နိုင်ပါတယ်။
  • ဒါ​ကြောင့် တ​နေ့တာအတွင်း နေ​ရောင်ခြည် ၈ နာရီ ပြည့်ဝစွာ ရရှိရပါတယ်။

(​နွေရာသီမှာ ပလပ်စတစ်နဲ့ ​ဘောင်အုပ်စိုက်ပြီး အပူချိန်မြင့်လွန်းရင်လည်း အပင်​တွေမှာ heat stressဖြစ်ပြီး ဝါ/ညှိုးတတ်ပါတယ်)

အခု​ဖော်ပြပါအချက်​တွေအပြင် အရွက်ဝါ​စေတဲ့ နောက်ထပ်အ​ကြောင်းရင်းများ ရှိနိုင်ပါ​သေးတယ်။

(အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်။)