မန်ယူတိုက်စစ်မှူး ဆန်ချိုပြန်လည်ကစားနိုင်တော့မည်ဖြစ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တောင်ပံကစားကမား ဆန်ချိုဟာ ကမ္ဘာ့ဖလား အပြီးကတည်းက
အသင်းနဲ့ ပူးပေါင်းနိုင်ခဲ့ခြင်းမရှိရာကနေ အခုတော့ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီလို့ သိရပါတယ်..
ဆန်ချိုဟာ အခြေအနေတစ်ခု ကနေ ပြန်လည်လွတ်မြောက်ဖို့ အထူးအစီအစဥ်တွေနဲ့ ထရိန်နင် ဆင်းနေတာဖြစ်ပြီး
အဲရစ်တန်ဟဂ်ရဲ့ အစီအစဥ်တွေလည်း ပါဝင်ခဲ့ပါတယ် ဆန်ချိုနောက်ဆုံးကစားခဲ့တဲ့ပွဲစဥ် ဟာ ချဲလ်ဆီးနဲ့ တစ်ဖက်တစ်ဂိုးစီ
သရေကျခဲ့တဲ့ပွဲစဥ်ဖြစ်ပြီး သည်နောက်ပိုင်းမှာတော့ အသင်းမှာ ပါဝင်လာခြင်းမရှိတော့သလို ပရိတ်သတ်တွေအတွက်လည်း
မေးခွန်းထုတ်စရာ ရှိခဲ့တာပါ… ကမ္ဘာ့ဖလား အပြီးမှာလည်း ဆန်ချိုဟာ အသင်းနဲ့အတူ ပူးပေါင်းခြင်းမပြုသေးဘဲ
သီးသန့် ထရိန်နင်အစီအစဥ်တွေကိုသာ အားစိုက်လုပ်ဆောင်နေခဲ့ပါတယ် ကမ္ဘာ့ကာလအတွင်းမှာ
နယ်သာလန်နိုင်ငံမှာ လေ့ကျင့်ခန်းဆင်းနေတဲ့ သတင်းတွေထွက်ပေါ် ခဲ့ပြီး သည်အစီအစဥ်ဟာ အဲရစ်တန်ဟဂ်ရဲ့
အစီအစဥ် လည်းဖြစ်နိုင်ချေရှိပါတယ် ဆန်ချိုက ပုံမှန်ခြေစွမ်းနဲ့ပြန်လည်ရောက်ရှိလာနိုင်ခဲ့ရင်တော့
ပုံစံကောင်းရနေတဲ့ မန်ယူအသင်းအတွက်ပိုမို အားကောင်းလာစေနိုင်မှာဖြစ်ပြီး
ရက်ဖိုဒ့်၊ ဆန်ချို၊ အန်သိုနီ၊ ဂါနာချို၊ ဘရူနိုဖာနန်ဒက်တို့ရဲ့ အစုအဖွဲ့ကို မြင်တွေ့ရမှာဖြစ်ပါတယ်