တရုတ်နှစ်သစ်ကူးကာလအတွင်း နှမ်းနဲ့ မြေပဲဈေးနှစ်ဆမြင့်တက်သွား

တရုတ်နှစ်သစ်ကူးအကြိုကာလတွေမှာ နှမ်းနဲ့ မြေပဲဈေး နှစ်ဆအထိ မြင့်တက်သွားကြောင်း မန္တလေးပဲနှမ်းဈေးကွက်က သိရပါတယ်။

နှစ်ကူးကြောင့် တရုတ်- မြန်မာနယ်စပ်ဂိတ်အချို့ ပိတ်ရက်တွေရှိနေတဲ့အတွက် တရုတ်ဘက်က ကြိုတင် ဝယ်ယူမှုတွေကြောင့် အရောင်းအဝယ်ကောင်းမွန်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယခင်နှစ်က မြေပဲလုံးဆန် တစ်ပိဿာလျှင် ကျပ် ၃၃၀၀ မှ ယခု ၂၀၂၃ နှစ်စတွင် ကျပ် ၆၈၀၀ အထိ ဈေးရရှိခဲ့ပြီး စမုန် နှမ်းနက်သုံးတင်းဝင် တစ်အိတ် လျှင် ငွေကျပ် ၁၈၅၀၀၀ မှ ယခုအခါ ငွေကျပ် သုံးသိန်းအထိ ဈေးကောင်းရတယ်လို့ သိရပါတယ်။

တစ်ပတ်အတွင်း နှမ်းဈေးအနေနဲ့ တစ်အိတ်ကို ကျပ်တစ်သောင်းကျော် ဈေးမြင့်တက်လာပြီး စမုန်နှမ်းထိပ်စဈေး ၃၁၀၀၀၀ ကျပ်၊ အဖြူထိပ်စဈေး ကျပ် သုံးသိန်းထိဈေးရှိတယ်လို့ သိရပါတယ်။

မြေပဲဆန်ဈေးအနေနဲ့ တစ်ပိဿာကို ကျပ် ၄၀၀ ကျော်ထိဈေးတက်လာပြီး အနီဆန်ဈေးက ၆၇၀၀ ကနေ ၆၉၀၀ ကျပ်၊ အဖြူဆန်ဈေးက ၆၆၀၀ ကနေ ၆၈၀၀ ကျပ် ဈေးနဲ့ ဆက်တိုက်အဝယ်လိုက်တယ်လို့ သိရပါတယ်။