စစ်တက္ကသိုလ်ဗိုလ်လောင်းများရဲ့ လက်ဝှေ့ယှဉ်ပြိုင်မှု

တပ်မတော်မှာ စစ်သားတစ်ယောက်ဖြစ်ဖို့ဆိုတာ လွယ်ကူတဲ့အရာမဟုတ်ပါဘူး…ခက်ခဲကြမ်းတမ်းတဲ့ လေ့ကျင့်မှုတွေ…တပ်မတော်သားတွေကို တစ်သွေးတစ်သံတစ်မိန့်နဲ့ အုပ်ချုပ်တဲ့ တပ်မတော်ရဲ့ အသက်သွေးကြောဖြစ်တဲ့ စည်းကမ်းတွေကို လိုက်နာနိုင်မှ ဖြစ်မှာပါ…၁၀ တန်းအောင်ကျောင်သားအရွယ်တစ်ယောက် တပ်မတော်ထဲကို ဗိုလ်လောင်းအဖြစ်နဲ့စတင်ဝင်ရောက်လာတည်းက တပ်မတော်ကအလွှာပေါင်းစုံ/စရိုက်မျိုးစုံ/ လူမျိုးစုံ ကိုစိတ်ဓာတ်ကြံ့ခိုင်ပြီး စစ်သားကောင်းတစ်ယောက်/ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာဖို့ လေ့ကျင့်ပျိုးထောင်ပေးနေတာပါ..ကိုယ်ခန္ဓာကြံခိုင်သန်စွမ်းဖို့၊ တွေးခေါ်နိုင်စွမ်းမြင့်မားဖို့နဲ့ ခံနိုင်ရည်ရှိဖို့ကို အလေးထားလေ့ကျင့်ပေးနေသလို လက်တွေ့စစ်မြေပြင်မှာပါ တိုက်ရည်ခိုက်ရည်ကောင်းမွန်ဖို့ လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါတယ်။ ဒါကြောင့်မို့ ခြေလျင်/ခြေမြန်ရောက်ရှိသွားကြတဲ့ အရာရှိများအနေနဲ့ ရန်သူတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ချိန်မှာ စိတ်ဓာတ်ကောင်း/ခေါင်းဆောင်ကောင်းများဖြစ်လာကြတာမို့ ဆောင်ပုဒ်လေးတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်…အဲ့ဒါကတော့ “DSA NEVER SURRENDER” ဆိုတဲ့ ဆောင်ပုဒ်ပါပဲ….