ထိုင်းမှာ မျောက်ကျောက်ရောဂါနဲ့ ပထမဆုံး သေဆုံးလူနာရှိပြီ

ထိုင်းနိုင်ငံမှာ အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ မျောက်ကျောက်ရောဂါနဲ့ ပထမဆုံး သေဆုံးလူနာဖြစ်လာခဲ့ပါတယ်။ HIV ပိုးရှိနေတဲ့ အဲ့ဒီ အမျိုးသားလူနာဟာ Mpox လို့ ခေါ်တဲ့ ဗိုင်းရပ်စ် ကူးစက်ခံရပြီးတဲ့နောက် နိုင်ငံအတွင်း ပထမဆုံးသေဆုံးလူနာဖြစ်လာခဲ့တယ်လို့ ရောဂါထိန်းချုပ် ရေးဌာန DDC က သြဂုတ်လ ၁၄ ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ဌာနညွန်ကြားရေးမှူး ဒေါက်တာ Tharet Krutnairawiwong က Chonburi ခရိုင်နေထိုင်သူ လူနာဟာ သောကြာနေ့က Bamrasnaradura Infectious Diseases Institute မှာ သေဆုံးသွားခဲ့ကြောင်း ဆိုပါ တယ်။ သူဟာ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အဖုအပိန့်နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ အရည်ကြည် ဖုတွေ ပေါက်လာပြီးနောက် ဇူလိုင်လ ၃ ရက်က ပုဂ္ဂလိကဆေးရုံမှာတက် ရောက်ကုသခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၁၁ ရက်မှာ အဲ့ဒီ အမျိုးသားရဲ့ ရောဂါလက္ခဏာက မျောက်ကျောက်ကူးစက်နိုင်ချေဖြစ်ကြောင်း အတည်ပြုပေးခဲ့ကာ HIV နဲ့ ကာလသားပိုးရှိနေကြောင်းလည်း ဆရာဝန်တွေက တွေ့ရှိခဲ့ပါ တယ်။

လေးပတ်ကြာ ကုသမှုခံယူပြီးနောက် အဖုအပိန့်တွေ ပျောက်ကင်းသွားပြီး ရောဂါမှပြန်လည်သက် သာလာခဲ့တယ်လို့ သိရပါတယ်။ သို့ပေမယ့်လည်း သြဂုတ်လ ၉ ရက်မှာတော့ လူနာမှာ မောပန်းနွမ်း နယ်ပြီး အသက်ရှူရခက်ခဲလာတာကြောင့် ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့ရပါတယ်။

Mpox ကြောင့် ဖြစ်တဲ့ အဖုအပိန့်တွေမှာ ခန္ဓာကိုယ်အနှံ့ ပျံ့သွားခဲ့တာကို ဆရာဝန်တွေက တွေ့ရှိခဲ့ပြီး ရောဂါပိုးဟာ သူ့ရဲ့ အဆုတ်နဲ့ ဦးနှောက်သို့ ပျံ့နှံ့သွားခဲ့တယ်လို့ သိရပါတယ်။ ဆရာဝန်တွေက Mpox ဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ရာပဋိဇီဝဆေးနဲ့ ပိုးသတ်ဆေးတွေ ပေးခဲ့သော်လည်းပဲ ပြီးခဲ့တဲ့ရက်သတ္တပတ် သောကြာနေ့ညမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

Mpox မျောက်ကျောက်ဗိုင်းရပ်စ်ဟာ အလွယ်တကူကူးစက်နိုင်တာကြောင့် လူစိမ်းတွေနဲ့ လိင်ပိုင်းဆိုင် ရာဆက်ဆံခြင်းတွေမပြုဖို့ ဒေါက်တာ Tharet Krutnairawiwong က သတိပေးထားပါတယ်။ သြဂုတ်လ ၈ ရက်အထိ ထိုင်းနိုင်ငံအတွင်း ကူးစက်ခံရသူ လူနာအရေအတွက်ဟာ ၁၈၉ ဦးထိရှိပြီး နိုင်ငံသား ၁၆၁ ဦးနဲ့ နိုင်ငံခြားသား ၂၈ ဦးထိ ရှိတယ်လို့ သိရပါတယ်။

CRD; ကိုစိုင်း