ဇူလိုင်လ ၁၅ ရက်နေ့မှုခင်းသတင်းများ

-၁၄-၈-၂၀၂၃ရက် နေ့လည် ၁၂နာရီ ၅မိနစ် အချိန်တွင် ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာနေ ဒေါ်အေးသီရိမျိုးသည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက်PDF ၄ဦးမှ သေနတ်ကိုယ်စီကိုင်၍ မော်တော်ယာဉ်ဖြင့်ရောက်လာပြီး ဒေါ်အေးသီရိမျိုးအား လက်ကိုင်ဖုန်း ၂လုံးနှင့်အတူ ကင်းကျေးရွာဖက်သို့ ဖမ်းဆီးသွားကြောင်း သတင်းရရှိ။

-၁၄-၈-၂၀၂၃ရက် နေ့လည် ၁၁နာရီ ၃၀မိနစ်အချိန်တွင် စလင်းမြို့နယ်၊ ကျောက်အိုး ကျေးရွာနေ ဦးသောင်းမြင့်သည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက် PDF အဖွဲ့ဝင် ၂ဦးမှ ဆိုင်ကယ် ၂စီးဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့ရာ ဦးသောင်းမြင့်မှာ နေရာ တွင်ပင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သတင်းရရှိ။

-၁၄-၈-၂၀၂၃ရက် နေ့လည် ၂နာရီအချိန်တွင် အုတ်တွင်းမြို့နယ်၊ မျက်နီကွင်းကျေးရွာထိပ်ရှိ ဦးဌေးဝင်း၏ နေအိမ်အနီးသို့ အကြမ်းဖက် PDFများမှ Drop Bomb တစ်လုံးပစ်ချခဲ့တာကြောင့် ဦးဌေးဝင်း၏ သမီးဖြစ်သူ မထက်မြတ်မြတ် အသက် (၁၄)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်ခင်မျိုးသန့်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့တာကြောင့် ဆေးရုံတင်ထားရပြီး စိုးရိမ်ရကြောင်း သတင်းရရှိ။

-၁၄-၈-၂၀၂၃ရက် မနက် ၇နာရီ ၃၀မိနစ်အချိန်တွင် ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာ နေ ဒေါ်ဖြူဖြူဝင်းသည် စျေးဝယ်ရန် ထန်းတပင်-ပုပ္ပါး-ဇီးကုန်းလမ်းအတိုင်း ဇီးကုန်းမြို့ သို့ ဆိုင်ကယ်ဖြင့်ထွက်လာရာ အကြမ်းဖက် PDF ၂ဦးအဖွဲ့မှ တားဆီး၍ ဖမ်းဆီးခေါ် ဆောင်သွားကြောင်း သတင်းရရှိ။

-၁၄-၈-၂၀၂၃ရက် နေ့လည် ၁၁နာရီ ၃၅မိနစ်အချိန်တွင် ကလေးမြို့နယ်၊ သာယာဝတီ ကျေးရွာအနီး အစိုးရအထက်တန်းကျောင်းမှ ဒေါ်နှင်းစုလှိုင်၏ မိခင်ဖြစ်သူ ဒေါ်သဲသဲ သည် စျေးဝယ်ရန် အိမ်မှထွက်လာစဉ် မြိုင်ကြီးကုန်းကျေးရွာအနီးရောက်ရှိစဉ် PDF အကြမ်းဖက်အဖွဲ့ ၅ဦးမှ ဒေါ်သဲသဲအား တားဆီး၍ စက္ကန့်ကျေးရွာဘက်သို့ ဖမ်းဆီးသွား ကြောင်း သတင်းရရှိ။

-၁၄-၈-၂၀၂၃ရက် မနက် ၈နာရီ ၂၅မိနစ်အချိန်တွင် ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်၊ နယ်မြေ (၃)၊ ဗိုလ်ချုပ်လမ်းနေ ဦးခမ်ရှန်းခိုင်၏ နေအိမ်ရှေ့၌ ဦးလွန်လမ်းထန်သည် သန့်ရှင်းရေးလုပ်ပေးနေစဉ် အကြမ်းဖက် PDFအဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံးအား နင်းမိသောကြောင့် ဦးလွန်လန်းထန်မှာ မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံး သွားကြောင်း သတင်းရရှိ။

-၁၄-၈-၂၀၂၃ရက် နေ့လည် ၁နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ် (၁၀)ရပ်ကွက်၊ သရက်ခြံရပ်နေ ဦးညီညီအောင်သည် ကျောက်မြောင်းမြို့ဘက်မှ ရွှေဘိုမြို့ဘက်သို့ လမ်းခင်းကျောက်များတင်ဆောင်၍ ကားမောင်းလာစဉ် တအုံကျေးရွာအနီး PDF အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့တာကြောင့် ဦးညီညီအောင်မှာ မိုင်းစထိမှန်ဒဏ်ရာများဖြင့် ဆေးရုံတင်ထားစဉ် သေဆုံးသွား ကြောင်း သတင်းရရှိ။

၁၄-၈-၂၀၂၃ရက် မနက် ၁၀နာရီ အချိန်တွင် မတ္တရာမြို့နယ်၊ ပြည်သာယာကျေးရွာ အနောက်ဖက် မီတာ ၄၀၀ အကွာရှိ လူသွားလမ်း၌ အမျိုးသားတစ်ဦးသည် အကြမ်းဖက် PDFများ၏ သတ်ဖြတ်မှုကြောင့် ဓားဖြင့် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သတင်းရရှိ။

-၁၄-၈-၂၀၂၃ရက် မနက် ၁၀နာရီ ၄၅မိနစ်အချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ သရက်ကိုင်း ကျေးရွာ အရှေ့မြောက်ဘက်ရှိ မန္တလေး-မတ္တရာသွား ကားလမ်းမ၌ အမျိုးသားတစ်ဦးသည် အကြမ်းဖက် PDFတို့၏ သတ်ဖြတ်မှုကြောင့် ဓားဖြင့်ထိုးသွင်း ဒဏ်ရာများနှင့် သေဆုံးသွားကြောင်း သတင်းရရှိ။