အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ယခင်အတိုင်း ပြန်လည်အပူဇော်ခံကြွချီမည်

အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ရှေးအစဉ်အလာအတိုင်း (၂၁) ဌာနသို အပူဇော်ခံ ကြွချီမည်ဖြစ်ကြောင်း သိရပါသည်။ အများပြည်သူ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တရား တိုးပွားစေရန် ရည်သန်ပြီး အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များကို သီတင်းကျွတ်လဆန်း (၁) ရက် (အောက်တိုဘာ ၁၅) နေ့မှစ၍ သီတင်းကျွတ်လပြည့်ကျော် (၃) ရက် (နိုဝင်ဘာ ၁ )ရက်နေ့ထိ အပူဇော်ခံကြွချီမည်ဖြစ်ကြောင်း သိရပါသည်။