မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရထားလမ်းရေကျော်သဖြင့် ပဲခူး-မော်လမြိုင် ခရီးစဉ်များ ခေတ္တရပ်နားထား

မွန်ပြည်နယ်အတွင်း ဩဂုတ်လ ၉ ရက် ယနေ့နံနက်ပိုင်းမှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာသောကြောင့် ဘီးလင်းမြိုနယ်၊ ဒုံဝန်းဘူတာနှင့် နှင်းပုလဲဘူတာအကြား ပေ(၁၅၀၀)ခန့် ရှည်လျားသော ရထားလမ်းနေရာတွင် သံလမ်းအထက် နှစ်လက်မခန့် ရေကျော်မှုဖြစ်ပွားနေသဖြင့် လူစီးရထားများဖြတ်သန်းရာတွင် ဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ရန်ကုန်-မော်လမြိုင် လူစီးရထားခရီးစဉ် (၄)ခုကို ရပ်တန့်ထားကြောင်း သိရသည်။
ရထားသံလမ်း ရေကျော်မှုဖြစ်ပေါ်နေခြင်းကြောင့် ရန်ကုန်မှ ထွက်ခွာလာသော အမှတ်(၈၁)အဆန် လူစီးအမြန်ရထားနှင့် အမှတ်(၈၉)အဆန် RBE အမြန်ရထားတိုသည် နှင်းပုလဲဘူတာ၌လည်းကောင်း၊ မော်လမြိုင်မှ ထွက်ခွာလာသော အမှတ်(၈၂)အစုန် လူစီးအမြန်ရထားသည် တောင်စွန်းဘူတာနှင့် အမှတ်(၉၀)အစုန် RBE အမြန်ရထားသည် ဒုံဝန်းဘူတာတို့တွင် လည်းကောင်း ယာယီရပ်တန့်၍ ရေပြန်လည်ကျဆင်းသည့် အချိန်ကို စောင့်ဆိုင်းလျက်ရှိပြီး လုံခြုံစိတ်ချရမှု အခြေအနေပေါ် မူတည်၍ ခရီးစဉ်အတိုင်း ဆက်လက်ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရပါတယ်။

crd