တရုတ်နိုင်ငံခြားရေးဝန်ကြီး တပ်မတော်အကြီးအကဲဟောင်းဖြစ်သူ ဦးသန်းရွှေ၊ နစကဥက္ကဋ္ဌ တို့နှင့် တွေ့ဆုံဖွယ်ရှိ

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr.Qin Gang ဟာ မေလ ၂ ရက်နေ့ ယနေ့ မွန်းလွဲပိုင်းအချိန်မှာ တပ်မတော်အကြီးအကဲဟောင်းဖြစ်သူ ဦးသန်းရွှေနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ သိရပါတယ်။ တပ်မတော်အကြီးအကဲဟောင်း ဦးသန်းရွှေနဲ့တွေ့ဆုံပြီးရင် ညနေပိုင်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်းတွေ့ဆုံမှာဖြစ်တယ်လို့ သိရပါတယ်.။