ကြက်သွန်နီဈေးနှုန်း အတက်စောလို့ တင်ပို့နိုင်မှုလျော့ကျနေ


ယခုနှစ် ကြက်သွန်နီဈေးနှုန်း အတက်စောတာကြောင့် ပြည်ပအဝယ်မလိုက်ဘဲ တင်ပို့နိုင်မှုလျော့ကျနေတယ်လို့ မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း မှ သိရပါတယ်။

“ပြည်ပတင်ပို့မှုက စောစောဈေးတက်တော့ Normal Trade မှာမတင်ရသလောက်ဘဲ၊ တခါတင်မှ တစ်လုံး နှစ်လုံး ဒါလည်း တစ်လတစ်ခါတောင် တင်ဖြစ်လားတောင်မသိဘူး။ Border Tadeတွေလည်း ဒီရက်ပိုင်း လမ်းခရီးတွေက မကောင်းတဲ့အခါကျတော့ သိပ်မသွားဘူး။ အဲ့ဒါကြောင့် ကြက်သွန်ဈေးက ၂၀၀၀ ဝန်းကျင်မှာပဲ အတက်ဈေးလည်းဖြစ်မလာဘူး။ Export သွားတာ ဒီနှစ်တော်တော်ကိုနည်းပါတယ်”လို့ စားဖိုဆောင်အသင်းမှ တာဝန်ရှိသူကပြောပါတယ်။