နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇနီးဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချူပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများလိုက်ပါ၍ နေပြည်တော်ရှိ မိသားစုမဟာသင်္ကြန်မဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုရေကစားမဏ္ဍပ်များ၌ အရာရှိစစ်သည်မိသားစုများ၊ သင်္ကြန်ချစ်ပြည်သူများ၏ အတာသင်္ကြန်ပွဲတော်ပျော်ရွှင်စွာ ဆင်နွဲနေမှုများကို သွား ရောက်ကြည့်ရှုအားပေးပြီး သင်္ကြန်ချစ်သူများနှင့်အတူ အတာရေသဘင်ပွဲတော်ကိုပျော်ရွှင်စွာဆင်နွှဲခဲ့ကြောင်း သိရှိရပါတယ်.။
ဆက်စပ်အကြောင်းအရာများ
သီတင်းကျွတ်လပြည့် ရွှေတိဂုံစေတီတော်မြင်ကွင်း
- Admin
- October 29, 2023
မြန်မာနိုင်ငံအနှံ သီတင်းကျွတ်လပြည့်နေ့ ဘုရားများတွင်ဘုရားဖူးများဖြင့် စည်းကားလျက်ရှိပါတယ်…
တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲ
- Admin
- August 29, 2023
တြိဂံဒေသတိုင်းစစ်ဌာချုပ်အတွင်း တိုင်းမှူးဒိုင်းမိုးရာသီဘောလုံးပြိုင်ပွဲအား တိုင်းစစ်ဌာနချုပ်ကစားကွင်းတွင် ကျင်းပခဲ့ပါတယ်။ တပ်မတော်သားများအနေဖြင့် တပ်နေပျော်စေရန်၊ ကိုယ်ကာယကြံ့ခိုင်သန်မာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ ယခုကဲသို့ အားကစားပြိုင်ပွဲများပြုလုပ်ခြင်းဖြင့် တပ်အလိုက်စည်းလုံးညီညွှတ်မှုများတိုးပွားလာသလို တပ်မတော်အတွက် […]
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကရင်ပြည်နယ် ဇွဲကပင်တောင်တက်/တောင်ဆင်းပြိုင်ပွဲကျင်းပ
- အေးခင်
- January 2, 2024
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကရင်ပြည်နယ် ဇွဲကပင်တောင်တက်/တောင်ဆင်းပြိုင်ပွဲကို ဇန်နဝါရီလ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲဝင် အမျိုးသား အသက် ၄၀ အောက် အားကစားသမား ၆၀၀ […]