ကျိုင်းတုံမြို့ ၊မဟာမြတ်မုနိဘုရားကြီးတွင် တိုင်းစစ်ဌာနချုပ်မှအရာရှိ/စစ်သည်များ စုပေါင်း၍ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ၊မဟာမြတ်မုနိဘုရားကြီး၏ ရိုးရာအစဉ်အလာမပျက်
နှစ်စဉ်ကျင်းပမြဲဖြစ်သော တန်ဆောင်တိုင် ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ကျိုင်းတုံမြို့ AMAZING HOTEL ၌ကျင်းပပြုလုပ်ခဲ့ပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် နှင့်အတူ တိုင်းစစ်ဌာနချုပ်မှအရာရှိကြီးများ ဒေသခံတိုင်းရင်းသားများနှင့်စုပေါင်း၍ ကြွရောက်တော်မူလာသော ဆရာတော်၊သံဃာတော် များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနား ကိုပြုလုပ်ခဲ့ကြရာ ကျိုင်းတုံမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း ၁၀၅ ကျောင်းမှ ဆရာတော်၊ သံဃာတော် ၂၁၄ ပါးနှင့် သာသနာ့နွယ်ဝင်သီလရှင် ၁၅ ပါး တို့အား ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်အတွက် ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများ နှင့် ဝတ္ထုငွေများလောင်းလှူခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။