ထိုင်းနိုင်ငံတွင် နေရပ်ပြန်သူများအား စစ်ရေယာဉ်ကြီးများဖြင့်ပို့ဆောင်ပေးခဲ့

   ထိုင်းနိုင်ငံတွင် ရောက် ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲကြုံတွေ့ ခဲ့ရသော နေရပ်ပြန်မြန်မာနိုင်ငံသား ၆၇၉ ဦးတို့အနက် ကော့သောင်းမြို့မှ မိုင်ပေါင်း ၄၅၅ မိုင်ခန့်ကွာဝေးသည့် ရန်ကုန်တိုင်းဒေသကြီးမှ နေရပ်ပြန်မြန်မာနိုင်ငံသား ၁၁၈ ဦး အား မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့် ခေါ်ဆောင်လာခဲ့ပြီး ရန်ကုန်မြို့၊ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား (သီလဝါ)သို့ ရောက်ရှိခဲ့ပါသည်။