ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT) ကျင်းပမည်

၂၀၂၄ ခုနှစ်အတွက် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) ကို ရန်ကုန်မြိုနှင့် မန္တလေးမြိုမှာ ဇူလိုင် ၇ ရက်တွင် ကျင်းပသွားမယ်လို JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) မှ အသိပေးထုတ်ပြန်ထားပါတယ်။

အဆိုပါ စာမေးပွဲအတွက် Online မှ လျှောက်လွှာလက်ခံမည့် လူဦးရေးမှာ Level အားလုံးအလိုက် ၄၀,၀၀၀ လက်ခံသွားမှာဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးမှာ Online System နဲ့လက်ခံခြင်းကို N1 ၊ N2 အတွက် မတ်လ ၆ ရက်၊ ၇ ရက်နှင့် ၁၅ ရက်တိုမှာလည်းကောင်း၊ N3 အတွက် မတ်လ ၁၁ ရက် ၊ ၁၂ ရက်နှင့် ၁၅ ရက်တိုမှာလည်း‌ကောင်း၊ N4 အတွက် မတ်လ ၁၃ ရက်၊ ၁၄ ရက်နှင့် ၁၉ ရက် တိုမှာလည်းကောင်း၊ N5 အတွက် မတ်လ ၇ ရက် ၊ ၈ ရက်နှင့် ၁၈ ရက် သတ်မှတ်ထားကြောင်း သိရပါတယ်။

စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေးများမှာ Level N1 ၊Level N2 ၊ Level N3 တိုအတွက် ၅၀၀၀၀ ကျပ်စီ ဖြစ်ပြီး Level N4 နှင့် Level N5 တိုအတွက် ၄၅,၀၀၀ ကျပ်စီဖြစ်တယ်လို သိရပါတယ်။ Online မှ လျှောက်လွှာ လက်ခံမယ့် အချိန်မှာ System သို တစ်ပြိုင်နက်တည်း ဝင်ရောက်ခြင်းကို ထိန်းချုပ်နိုင်ရန် လျှောက်လွှာ လက်ခံမယ့်အချိန်ကို ကြိုတင်အသိပေးမှာ မဟုတ်ဘဲ လျှောက်လွှာလက်ခံကာလအတွင်း မိမိအဆင်ပြေတဲ့ရက်မှာ Online System သို ဝင်ရောက်လျှောက်ထားနိုင်တယ်လို သိရပါတယ်။

သင်တန်းကျောင်းများအတွက် ရောင်းချ/လက်ခံခြင်း ကြိုတင်စာရင်းပေးသွင်းခြင်းကို Google form မှ တစ်ဆင့် ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၃ ရက်အတွင်း ကြိုတင်စာရင်းပေးသွင်းရမည်ဖြစ်ကာ သင်တန်းကျောင်းတစ်ကျောင်းကို လျှောက်လွှာအစောင်ရေအများဆုံး ၇၀ စောင်နှုန်းနဲ့သာ ရောင်းချသွားမယ်လို သိရပါတယ်။

ကျောင်းအရေအတွက် များပြားလာသဖြင့် အရေအတွက်လျှော့ချ သတ်မှတ်ရခြင်းဖြစ်ပြီး မိမိတို ကျောင်းမှ အမှန်တကယ် လိုအပ်သည့် ပမာဏကိုသာ လျှောက်ထားရန် မေတ္တာရပ်ခံထားပါတယ်။ လျှောက်ထားတဲ့ ကျောင်းအားလုံးကိုခွဲဝေပြီး လျှောက်လွှာပိုမိုပါက ၇၀ စောင်ထက် ပိုမိုလျှောက်ထားသော ကျောင်းများအတွက် အညီအမျှ ခွဲဝေသတ်မှတ်ပြီး ရောင်းချပေးသွားမည် ဖြစ်ကာ လျှောက်လွှာအရောင်းကာလကို ရန်ကုန်စာဖြေဌာန အတွက် ဖေဖော်ဝါရီလ ၂၉ ရက်မှ မတ်လ ၂ ရက်၊ မန္တလေးစာဖြေဌာနအတွက် ဖေဖော်ဝါရီလ ၂၉ ရက် မတ်လ ၁ ရက် အထိ ဖြစ်ကြောင်း သိရပါတယ်။

ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် နှင့် ၁၀ နှစ်အောက် ဖြေဆိုသူများအတွက် ရောင်းချ/လက်ခံခြင်းကို လျှောက်လွှာအရောင်းကာလနှင့် လက်ခံကာလ Level အားလုံးအတွက် မတ်လ ၄ ရက်မှ ၆ ရက်အထိ သတ်မှတ်ထား တယ်လို သိရပါတယ်။