ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ရခိုင်ပြည်နယ်တိုက်ပွဲသတင်း

၁၆ – ၂ – ၂၀၂၄ ရက်နေ့

(ရသေ့တောင်မြို့နယ်)
  ယနေ့နံနက်ပိုင်းက ရသေ့တောင်မြို့နယ်ရှိ နယ်မြေခံတပ်ရင်းဖြစ်သည့် ၅၃၆ တပ်ရင်းမြောက်ဘက်ရှိ တောင်ကုန်းသို့ချဉ်းကပ်လာသည့် AA အကြမ်းဖက်အဖွဲ့ဝင်များအား နယ်မြေခံတပ်စစ်ကြောင်းမှ လိုက်လံရှင်းလင်းတိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး AA အကြမ်းဖက်အဖွဲဝင်များအား အဆိုပါနေရာမှ ဆုတ်ခွာထွက်ပြေးသွားကြောင်း  သိရှိရ။

(မောင်တောမြို့နယ်)
  ယနေ့နေ့လည်ပိုင်းက နယ်မြေခံရဲတပ်ရင်းများမှ နိုရူလာရဲကင်းအနီးနှင့် ပန်းတောပြင်ရွာသစ်အနီး ချဉ်းကပ်လာသည့်  AA အကြမ်းဖက်အဖွဲဝင်များအား ရှင်းလင်းတိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး AA အကြမ်းဖက်အဖွဲဝင်များ ယင်းနေရာများမှနေ၍ ဒဏ်ရာရ/သေဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြကြောင်း သိရှိရသည်။ ထို့အပြင် ရန်သူမှ သာလွန်အင်အားများဖြင့် (၂)ရက်ဆက်တိုက် လာရောက်တိုက်ခိုက်နေသည့်အတွက် ဗောဓိကုန်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ယနေ့နံနက်အစောပိုင်းက ရုတ်တရက် ထိုးဖောက်ခဲ့ပြီး လက်ရှိအချိန်တွင် မိမိအဖွဲ့များနှင့် ပူးပေါင်းသွားနိုင်ပြီဖြစ် ကြောင်း သိရှိရသည်။

(ရမ်းဗြဲမြို့နယ်)
  ယနေ့နေ့လည်ပိုင်း ၁၁ နာရီခန့်က ကလျာနီသိမ်တောင်ကုန်းရှိ လုံခြံရေးအဖွဲ့ဝင်များအား AA အကြမ်းဖက်အဖွဲ့ဝင်များမှ လက်နက်ကြီး/ငယ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး  AA အကြမ်းဖက်အဖွဲ့ တိုက် ခိုက်မှုကြောင့်  လူနေအိမ်များပျက်ဆီးခဲ့ကြောင်းနှင့်  AA အကြမ်းဖက်အဖွဲ့မှ ဒဏ်ရာရသူများအား ပြည်သူ့စစ်အဖွဲ့များဖြင့် လေးတောင်တိုက်နယ်ဆေးရုံသို့ ပိုဆောင်နေကြောင်း သိရှိရသည်။

  AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ နှစ်ဖက်အပစ်ရပ်ငြိမ်းချမ်းရေးဆောင်ရွက်မှုအား ဖောက်ဖျက်ကာ ရခိုင်ပြည်နယ်အတွင်း မြို/ရွာများအား PDF အကြမ်းဖက်အဖွဲ့များဖြင့် ပူးပေါင်း၍ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်း၊ အများပြည်သူနေထိုင်ရာ နေရာများ/ဈေးများအား Drop Boom များကြဲ၍ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးနှိပ်ဆက်ခြင်း၊ လူသစ်အတင်းအဓမ္မဖမ်းဆီးခြင်း၊ ကျောင်းသားလူငယ်များအား ကျောင်းမတက်ခိုင်းဘဲ အတင်းအဓမ္မဖမ်းဆီးကာ ပြည်သူ့စစ်သင်တန်း မတက်မနေရတက်ခိုင်း၍ သင်တန်းပြီးပါက ရှေ့တန်းစစ်မြေပြင်သို့ စေလွှတ်ခြင်း စသည့် အကြမ်းဖက်မှုများအား နေ့စဉ်လုပ်ဆောင်နေသည့်အပြင် နယ်မြေခံတပ်ရင်းဌာနချုပ်များ၊ တပ်စခန်းများ၊ မြို့များအား တိုက်ခိုက်နေသည့်အတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များမှ အရေးကြီးနေရာများ၊ တပ်ရင်းဌာနချုပ်နှင့် စခန်းများ ရန်သူ့လက်အောက် မကျရောက်စေရေးအတွက် အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်းသိရှိရ။ #Crd