နိုဝင်ဘာ ၂၁ ရက်နေ့ တိုက်ပွဲသတင်းပေါင်းချုပ်

♦️ကချင်ပြည်နယ် ဝိုင်းမော်မြိုနယ်အတွင်းရှိ မလိယန်စခန်းသို နံနက် ၁၀ နာရီခွဲခန့်တွင် KIA များမှ ၆၀ မမဖြင့် ၈ လုံးလာရောက်နှောင့်ယှက်ပစ်ခတ်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး စခန်းဝန်းကျင် နယ်မြေရှင်းလင်းစဉ် KIA ၃၀ ဦးခန့်တိုနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA၊ PDF ၄ လောင်း၊ အမ်(၂၂) ၃ လက်၊ ဘီဇူကာ ၁ လက်၊ ကျည်အိမ် ၁၂ ခု၊ ကျည် ၂၂၉ တောင့်၊ ဗုံးသီး ၅ လုံး၊ ပိုကျည် ၃ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

♦️ကယားပြည်နယ် လွိင်ကော်မြို၌ KNPP/KNDF နှင့် PDF ပူးပေါင်းအဖွဲများသည် ညနေ ၄ နာရီခန့် အထက(၇) ကျောင်းအနီး လုံခြုံရေးနေရာသို့ လာရောက်တိုက်ခိုက်ခဲ့သည့်အပြင် ညနေ ၅ နာရီခန့်တွင် ပြည်နယ်အကူရဲတပ်ဖွဲမှူးရုံးနှင့် လွိင်ကော်အကျဉ်းထောင်သို့ အင်အား ၉၀ ဦးစီဖြင့် တစ်ချိန်တည်း လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရ။

♦️ချင်းပြည်နယ်၊ ပလက်ဝမြိုနယ် ထရွန်အိုင်စခန်းသို နေ့လည် ၁၂ နာရီခွဲခန့်တွင် AA သောင်းကျန်းသူ ၃၀ ဦးခန့်က Drone ၂ စီးဖြင့် Bomb ၁၂ လုံး၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရ။

♦️ချင်းပြည်နယ် ပလက်ဝမြိုနယ် နှုးဘူးစခန်း၌ လုံခြုံရေးဆောင်ရွက်နေစဉ် ရန်သူခိုအောင်းနိုင်သည့် မသင်္ကာဖွယ်နေရာများသို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ AA သောင်းကျန်းသူ ၂၀ ဦးခန့်က ပြန်လည်ပစ်ခတ်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရ။

♦️ရခိုင်ပြည်နယ် ပေါက်တောမြို အထက(ပေါက်တော) သို AA သောင်းကျန်းသူ အင်အား ၁၀၀ ဦးခန့်က လာရောက်ပစ်ခတ်ခဲ့သဖြင့် လုံခြုံးရေးဆောင်ရွက်နေသော တပ်ဖွဲဝင်များမှ ပြန်လည်ပစ်ခတ်ခဲ့ပြီး ရန်သူများသည် အထိအခိုက်အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရ။

♦️ချင်းပြည်နယ် မတူပီမြိုနယ် လိုင်လင်းပီစခန်းသို နံနက် ၇ နာရီခွဲခန့်တွင် CDF များထိန်းချုပ်မောင်းနှင်သည့် ဒရုန်း ၃ စီးသည် ၂ ကြိမ် Bomb ၁၂၀ လုံး လာရောက်ဖြုတ်ချတိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

♦️စစ်ကိုင်းတိုင်း ဝက်လက်မြိုနယ် ရွှေပန်းကုံးနယ်မြေရဲစခန်းသို နံနက် ၂ နာရီခွဲခန့်တွင် PDF ၂၀၀ ဦးခန့်က နေရာ ၄ နေရာမှ လာရောက်ပစ်ခတ်ခဲ့သဖြင့် ရဲတပ်ဖွဲဝင်များမှ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDF များသည် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲဝင်များနှင့် ဆက်သွယ်မှုပြတ်တောက်လျက်ရှိကြောင်း သိရှိရ။

♦️မကွေးတိုင်း မြိုင်မြိုနယ် ပြည်သူ့ဆေးရုံနှင့် မြိုနယ်အုပ်ချုပ်ရေးမှူးရုံးများသို နေ့လည် ၃ နာရီခွဲခန့်တွင် PDF များ ထိန်းချုပ်မောင်းနှင်သည့် ဒရုန်း ၂ စီးသည် Bomb ၄ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့သဖြင့် မြိုနယ်အုပ်ချုပ်ရေးမှူးရုံးနှင့် ဓာတ်ခွဲခန်း၊ မျက်နှာကြက်၊ ပြတင်းတံခါးများနှင့် MID Truck ယာဉ်တို ဗုံးသီးအစထိမှန်ပျက်စီးခဲ့ပြီး ပြည်သူ့ ဆေးရုံမှ အကူဝန်ထမ်း ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရ။

♦️စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြိုနယ် အင်ဒိုင်းကုန်းကျေးရွာအနီး နေ့လည် ၂ နာရီခန့်တွင် တပ်မတော်စစ်ကြောင်းနှင့် PDF ၃၀ ဦးခန့်တို တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF အလောင်း ၁ လောင်း၊ လက်လုပ်မိုင်း ၁၂ လုံး၊ Receiver ၂ ခု၊ ဒီတိုနေတာ ၁၁ ခု၊ ဝါယာကြိုးခွေ ၁ ခွေ တို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

♦️စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြိုနယ်ရှိ မြသိန်းတန်စေတီသို KIAနှင့် PDF ပူးပေါင်းအဖွဲ ၈၀ ဦးခန့်က နေ့လည် ၁၂ နာရီခွဲခန့်တွင် ၁ ကြိမ်တိုက်ခိုက်ခဲ့ပြီး ညနေ ၄ နာရီခွဲခန့်တွင် ထီးချိုင့်တံတားလုံခြုံရေးဂိတ်သို ဒရုန်း ၁ စီးဖြင့် Bomb ၂ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရ။

♦️စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြိုလေဆိပ်သို နံနက် ၁၁ နာရီခွဲတွင် PDF များမှ ဒရုန်း ၁ စီးဖြင့် Bomb ၁ လုံးဖြုတ်ချတိုက်ခိုက်ခဲ့သဖြင့် လေယာဉ်ပြေးလမ်း ၆ လက်မခန့် ပေါက်ပြဲခဲ့ကြောင်း သိရှိရ။

♦️စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြိုနယ် လွင်ကြီးကျေးရွာရှိ ပြည်သူ့စစ်စခန်းသို နံနက် ၁၀ နာရီ ဝန်းကျင်တွင် နေရာ ၂ နေရာမှ PDF ၁၀၀ ဦးခန့်က လာရောက်ပစ်ခတ်ခဲ့သဖြင့် တပ်မတော်ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး PDF အလောင်း ၂ လောင်း၊ အေကေ(၄၇) ၁ လက်၊ အမ်(၂၂) ၁ လက်၊ ကျည်အိမ် ၆ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။